​ကြည့်မိသူတိုင်း ပီတိမျက်ရည်ကျ ရလောက်အောင် မြန်မာလူမျိုးတွေကို စိတ်ခွန်အားတွေ အပြည့်ပေးလိုက်တဲ့ ကိုရီယားလူမျိုးတွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/52/52d1b5453d5ca02ea3eaf67fba138233f846d8fb.jpeg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

......

နွေဦးတော်လှန်ရေးကြီးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းက ပြည်သူတွေပါမက ပြည်ပကိုရောက်ရှိနေကြတဲ့ မြန်မာလူမျိုးတွေကပါ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးနေကြတာလည်း တကယ်ကိုအင်အားဖြစ်မိတာ အမှန်ပါပဲ ။ ဒါ့အပြင် ကိုရီးယား ၊ ဂျပန် ၊ထိုင်ဝမ် အပြင် နယူးယောက် ၊ အမေရိကန် စတဲ့ နိုင်ငံအသီးသီးက နိုင်ငံသားတွေကလည်း မြန်မာအရေးမှာ ရရာ နေရာတွေကနေ speak out လုပ်ပေးရင်း အစွမ်းကုန် ပါဝင်ကူညီပေးနေတာတွေ့ရပါတယ် ။ 

Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီလို ပြည်ပက အကူအညီတွေ ရဖို့အတွက် မြန်မာနိုင်ငံမှာ ဖြစ်ပျက်သမျှကို နိုင်ငံတကာက သတင်း မီဒီယာတွေ သတိထားမိလာအောင် ပြည်သူ    ပြည်သားတွေကလည်း Facebook ၊ Twitter  စတာတွေကို အသုံးပြုပြီး အချိန်နဲ့ တစ်ပြေးညီ  မျှဝေပေးနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်ပနိုင်ငံတွေက မြန်မာပြည်သူတွေ ကြုံတွေ့ ခံစားနေရတဲ့ ဒုက္ခတွေကို စာနာနားလည်ပြီး ဖေးမကူညီပေးနေကြတာ ဖြစ်ပါတယ် ။ 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တောင်ကိုရီးယားက လူမျိုးတွေဆိုရင်လည်း သူတို့ကိုယ်တိုင်လည်း ဒီလို အဖြစ်ဆိုးတွေကို ကြုံတွေ့ခဲ့ရလို့ စာနာနားလည်ပြီး ကူညီမှုတွေပေးနေတာ ဒီနေ့ထိပါပဲ ။ အခုလည်း ကိုရီးယားရောက်မြန်မာတွေနဲ့ ကိုရီးယား အဖွဲ့အစည်းတွေစုပေါင်းပြီး လူစည်ကားရာ မြို့လယ်မှာ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ပေးကြရင်း မြန်မာနိုင်ငံသားတွေ အားတင်းထားကြဖို့ ဗီဒီယိုရိုက်ကာ ဖော်ပြထားကြပါတယ် ။ ဗီဒီယိုလေးကိုကြည့်ပြီးတဲ့ မြန်မာနိုင်ငံသားတွေကလည်း ဝမ်းသာပီတိဖြစ်မိကြောင်းနဲ့ ကျေးဇူးတင်ကြောင်းလေးတွေကို ပြောကြားထားတာလည်းတွေ့ရပါတယ် ။ပရိသတ်ကြီး အတွက် မြန်မာအရေးမှာ အင်တိုက် အားတိုက် ပါဝင်ပေးနေတဲ့ ကိုရီးယားက လူမျိုးတွေရဲ့ ဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T