အင်ဖက်ထဲက ထမင်းဖြူတွေကို ငါးသေတ္တာတစ်ဗူးတည်းနဲ့ လောက်ငအောင်စားနေကြရတဲ့ KPDF လူငယ်လေးတွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/21/21e418cf2a9573201842fc3422c65bd6ccec671e.jpeg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ပိုမိုကောင်းမွန်တဲ့ အနာဂတ်သစ်ကို ဖန်တီးနိုင်ရန် လူငယ်တစ်ချို့ဟာ လွတ်မြောက်နယ်မြေများတွင် စစ်သင်တန်းတက်ရောက်သင်ကြားနေကြပြီ ဖြစ်ပါတယ်။ သင်တန်းဆင်းသွားတဲ့ လူငယ်တွေကလည်း သက်ဆိုင်ရာနေရာဒေသတွေမှာ တော်လှန်တိုက်ပွဲဝင်နေကြပြီ ဖြစ်ပါတယ်။ ဒီလူငယ်တွေဟာ သူတို့အတွက် အသက်အန္တရာယ်ရှိတာတောင်ပဓာနမထားဘဲ ပြည်သူတွေကို ကာကွယ်ပေးဖို့ အသင့်ရှိနေကြတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လူငယ်တွေဟာ တောထဲတောင်ထဲမှာ အခက်အခဲတွေများစွာနဲ့ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ အခုလို မိုးတွင်းကာလမှာဆို တောထဲမှာ အကာအရံမရှိဘဲ လေဒဏ်မိုးဒဏ်ကို ခါးစီးခံနေရမှာအသေချာပါပဲ။ ဒါ့အပြင် စားရေးသောက်ရေးအဆင်မပြေရုံသာမက သူတို့ရဲ့ ကျန်းမာရေးအတွက်လည်း စိုးရိမ်စရာကောင်းလှပါတယ်။ သို့သော်လည်း အခက်အခဲမှန်သမျှ ရင်ဆိုင်ဖြေရှင်းကာ အဆုံးထိတိုက်ပွဲဝင်သွားကြမှာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

မကြာသေးခင် နာရီပိုင်းလောက်ကလည်း KPDF တပ်ဖွဲ့ဝင် လူငယ်လေးတစ်ဦးရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားပါတယ်။ ဒါကတော့ အင်ဖက်ထဲက ထမင်းဖြူတွေကို ငါးသေတ္တာတစ်ဗူးတည်းနဲ့ လောက်ငအောင်စားနေကြရတဲ့ KPDF လူငယ်လေးတွေရဲ့ဗီဒီယိုဖိုင် ဖြစ်ပါတယ်။ သူတို့တွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကတော့အလွန်လေးစားဂုဏ်ယူစရာကောင်းလှပါတယ်။ သူတို့လေးတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြဖို့ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader 

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T