ပျံလွန်တော်မူသွားတဲ့ စျေးကုန်းဆရာတော်ရဲ့မီးမခဘဲ ကျန်ရှိခဲ့တဲ့ အံသွားတော်များဆိုပြီး လိမ်လည်နေသူတွေကို ချက်ကျလက်ကျရှင်းပြလိုက်တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/54/545bfaeb8b16a578b982cb1299bef53ef5a1e61a.jpg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

ပျံလွန်တော်မူသွားတဲ့ စျေးကုန်းဆရာတော်ရဲ့မီးမခဘဲ ကျန်ရှိခဲ့တဲ့ အံသွားတော်များဆိုပြီး လိမ်လည်နေသူတွေကို ချက်ကျလက်ကျရှင်းပြလိုက်တဲ့ ပြည်သူတစ်ဦး

ပြီးခဲ့တဲ့ ဇွန်လ(၁၀)ရက်နေ့ မနက်ပိုင်းက တပ်မတော်သုံးလေယာဥ်တစ်စီးဟာ ပြင်ဦးလွင်မြို့အနီးမှာ ပျက်ကျသွားခဲ့ပြီး အဆိုပါလေယာဥ်နဲ့အတူ လိုက်ပါလာခဲ့တဲ့ စျေးကုန်းဆရာတော်ဒေါက်တာဘဒ္ဒန္တကဝိသာရ ပျံလွန်တော်မူသွားခဲ့ပါတယ်။ ပျံလွန်တော်မူသွားတဲ့ စျေးကုန်းဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလပ်တော်ကို ပျဉ်းမနားက ဈေးကုန်းကျောင်းတိုက်ကို ပြန်သယ်ယူလာခဲ့ပြီး ဒါယိကာ၊ဒါယိကာမတွေနဲ့ ဆရာတော်ကြီးများက လာရောက်ဖူးမျှော်နေကြပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload

ယနေ့မှာတော့ စျေးကုန်းဆရာတော်ဘုရားကြီးရဲ့အရိုးပြာတော်၊ ဓာတ်တော်များအား ပေါင်းလောင်းမြစ်အတွင်း ရေမျောပူဇော်ခြင်းကို ပြုလုပ်ခဲ့ကြပါတယ်။ ယခုမှာတော့ စျေးကုန်းဆရာတော်ဘုရားကြီးရဲ့ မီးမခဘဲ ရွှေရောင်အဖြစ် ကျန်ရစ်တော်မူခဲ့တဲ့ အံသွားတော်၃ခုဆိုပြီး  သတင်းအမှားတွေ လူမှုကွန်ယက်ထက်မှာ ပျံနှံ့လာနေခဲ့ပါတယ် ။ ပြည်သူတစ်ယောက်ကတော့ အဆိုပါအံသွားတွေဟာ စျေးကုန်းဆရာတော်ကြီးရဲ့ အံသွားတွေမဟုတ်ဘဲ သွားတုတွေသာဖြစ်တဲ့အကြောင်း ချက်ကျလက်ကျရှင်းပြလိုက်ပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload

ပြည်သူတစ်ဦးက " ရွှေရောင်အဖြစ် ကြွင်းကျန်ရစ်တဲ့ အံသွားတော် မဟုတ်ပါ သွားတုစိုက်ထားတာပါ dental bridge လို့ခေါ်ပါတယ် သတ္တုစပ်ဖြစ်လို့ မီးမလောင်တာပါ (ဆရာတော်ကြီးကို မကြည်ညိုလို့မဟုတ်ပါဘူး တလွဲတွေတွေးပြီး တလွဲတွေယုံကြည်နေကြမှာစိုးလို့ပါ) " ဆိုပြီး သေသေချာရှင်းပြထားခဲ့ပါတယ်။ပျံလွန်တော်မူသွားတဲ့ စျေးကုန်းဆရာတော်ကြီးဟာ နိုင်ငံတော်အကြီးအကဲတွေများစွာကိုးကွယ်ကြတဲ့ ဆရာတော်ကြီးတစ်ပါးပဲဖြစ်ပါတယ်။

Source -Orginal Upload

Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T