အာဏာရှင်လူတစ်စုနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ကာ တိုက်ပွဲပြင်းထန်လျက်ရှိနေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့ကဗီဒီယိုဖိုင်

//s9.kh1.co/c7/c7ff9d83098b6c77141e27d3af024a2da2305326.jpeg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

......

လူငယ်တွေကတော့ အာဏရှင် လူတစ်စုရဲ့ အုပ်ချုပ်ရေးအောက်မှာ မနေချင်တာကြောင့် ရရာနည်းလမ်းတွေကို အသုံးပြုပြီး အစွမ်းကုန် ဆန့်ကျင်နေကြတာပါ ။ စိတ်အားထက်သန်တဲ့ GZ လူငယ်တွေကတော့ ခုနောက်ပိုင်းမှာ လွတ်မြောက်နယ်မြေ ဒေသတွေကို သွားရောက်ကာ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေရဲ့ သင်ကြားပြသပေးမှုဖြင့် စစ်ပညာများကို နည်းစနစ်တကျ သင်ယူနေတာကိုလည်း တွေ့ရပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

တစ်ရက်ထက် တစ်ရက်လည်း တောင်တန်းဒေသတွေမှာ တိုက်ပွဲတွေကတော့ ဖြစ်ပွားနေသလို တစ်ဖက်ကလည်း လူအင်အားတွေ တိုးချဲ့ကာ ပြင်းပြင်ထန်ထန် တိုက်ခိုက်နေတာပါ ။ ဒါကြောင့်လည်း စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေလည်း ပိုမိုများပြားလာတာကိုတွေ့ရပါတယ်။  ကယားပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာဆိုရင် နေ့ရက်တိုင်း တိုက်ပွဲဖြစ်ပွားနေတာကြောင့် လူနေအိမ်တွေလည်း များစွာ ပျက်စီး ဆုံးရှုံးလျက်ရှိနေတာကို တွေ့ရပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း ချင်းပြည်နယ်မင်းတပ်မြို့မှာ အာဏာရှင် လူတစ်စုနဲ့ မင်းတပ် တူမီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားလျက်ရှိပါတယ် ။ တစ်ဖက်ကလည်း လက်နက်ကြီးတွေပစ်ခတ်သလို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း အစွမ်းကုန်ပြန်လှန် ခုခံတိုက်ခိုက်လျက်ရှိတာကို ဗီဒီယိုထဲမှာ တွေ့မြင်ရမှာပါ ။ ပရိသတ်ကြီးအတွက် ချင်းပြည်နယ် မင်းတပ်မြို့က တိုက်ပွဲ အခြေအနေ ဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T