ဒီးမော့ဆိုမြို့ကို ဖြတ်သွားရင် အပုပ်နံရလောက်အောင် တချို့နေရာတွေမှာ အလောင်းတွေရှိနေတဲ့ မြင်ကွင်းကို ပြသလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/c1/c1c0e3ddce3ce962cb1a5a6f4bc583ca06e88606.jpeg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဒီးမော့ဆိုမြို့ကို ဖြတ်သွားရင် အပုပ်နံရလောက်အောင် တချို့နေရာတွေမှာ အလောင်းတွေရှိနေတဲ့ မြင်ကွင်းကို ပြသလာတဲ့ ပြည်သူတစ်ဦး

လွန်ခဲ့တဲ့ လပိုင်းတုန်းကဆိုရင် ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်မှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပြီး လူနေအိမ် တော်တော်များများလည်း ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။ကယားပြည်နယ်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ ပြည်သူတွေလုံခြုံဖို့အတွက် အစွမ်းကုန်ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။ပြည်သူတွေရဲ့ နေအိမ်တွေ၊ဘုရားကျောင်းတွေကို လက်နက်ကြီးတွေထိမှန်ခဲ့လို့ အပြစ်မဲ့ပြည်သူတွေလည်း အသက်ဆုံးရှုံးခဲ့ရတဲ့ အခြေအနေတွေဖြစ်ခဲ့ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီးမော့ဆိုမြို့နယ်မှာနေထိုင်ကြတဲ့ ဒေသခံပြည်သူတွေကတော့ ဘေးကင်းလုံခြုံဖို့အတွက် တောတောင်ထဲမှာ စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။အခုလို မိုးရာသီကာလမှာတော့ စစ်ဘေးရှောင်တွေလည်း မိုးထဲ၊ရေထဲမှာအဆင်ပြေသလိုနေထိုင်နေရတာဖြစ်ပါတယ်။အရင်တုန်းကစည်းကားခဲ့တဲ့ ဒီးမော့ဆိုမြို့နယ်လေးကတော့ အခုချိန်မှာ လူသူကင်းမဲ့ပြီး ခြောက်ကပ်တိတ်ဆိတ်နေတာပဲဖြစ်ပါတယ်။ဒါ့အပြင် တချို့အိမ်တွေနားမှာလည်း လူမသိ၊သူမသိဘဲ သေခဲ့ရတဲ့အလောင်းတွေရှိတယ်လို့လည်း သိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အသန့်ရှင်းဆုံးမြို့ အဖြစ် ဆုရရှိဖူးတဲ့ ကယားပြည်နယ်၊ဒီးမော့ဆိုမြို့လေးကတော့ အခုဆိုရင် မြို့ကိုဖြတ်သွားရင်တောင် အပုပ်နံရနေတာကြောင့် ပြည်သူတစ်ဦးက စိတ်မကောင်းဖြစ်နေတာဖြစ်ပါတယ်။အေးချမ်းမှုတွေနဲ့သာယာလှပခဲ့တဲ့ ကယားပြည်နယ်လေးရဲ့ လက်ရှိအခြေအနေကိုတွေ့မြင်ပြီး ပြည်မထဲကပြည်သူတွေလည်းကြေကွဲဝမ်းနည်းနေကြတာဖြစ်ပါတယ်။ဒီးမော့ဆို နဲ့ (၆) မိုင် အိမ်တွေနားမှာ အလောင်းတချို့ရှိနေတဲ့ ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T