ပြည်သူ(၁)သိန်းကျော်စစ်ဘေးရှောင်နေရတာကြောင့် စစ်ကောင်စီတပ်တွေနဲ့ အပစ်အခတ်ယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ကြေငြာလိုက်တဲ့ KNDF

//s9.kh1.co/84/84718d4c047a35d07e501ee17590b81f669ceef1.jpg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

ပြည်သူ(၁)သိန်းကျော်စစ်ဘေးရှောင်နေရတာကြောင့် စစ်ကောင်စီတပ်တွေနဲ့ အပစ်အခတ်ယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ကြေငြာလိုက်တဲ့ KNDF

အာဏာသိမ်းမှုဖြစ်ပွားအပြီး ကယားပြည်နယ်အတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့(KNDF)နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီး နှစ်ဖက်လူထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။ အဆိုပါတိုက်ပွဲတွေကြောင့် အိုးအိမ်တွေကို စွန့်ခွာပြီးဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေလည်း အများအပြားရှိနေခဲ့ပါတယ်။ အဆိုပါတိုက်ပွဲတွေအတွင်း လူနေအိမ်နဲ့ အဆောက်အဦးတွေများစွာပျက်စီးခဲ့ပြီး အချို့စစ်ဘေးရှောင်ပြည်သူတွေဆိုရင် ပြန်စရာနေအိမ်တောင်မရှိတော့ကြောင်း သိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ယနေ့မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်(KNDF)ဟာ စစ်ကောင်စီတပ်တွေနဲ့ အပစ်အခတ်ယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ကြေငြာလိုက်ပါတယ်။ တိုက်ပွဲတွေကြောင့် မြို့ရွာများစွာထိခိုက်ပျက်စီးနေရတဲ့အပြင် ပြည်သူ(၁)သိန်းကျော်စစ်ဘေးရှောင်နေရတာကြောင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများနဲ့ ဘာသာရေးခေါင်းဆောင်များရဲ့ စီစဥ်ဆောင်ရွက်မှုများကို လက်သင့်ခံပြီး အခုလိုအပစ်အခတ်ရပ်ဆိုင်းလိုက်တာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားခဲ့ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူ့ကာကွယ်ရေးတပ်(KNDF)ကတော့ ပြည်သူများအနေနဲ့ စည်းလုံးညီညွတ်မှု၊ ပြင်ဆင်မှုနဲ့ လုံခြုံရေးသတိရှိကြဖို့ တိုက်တွန်းလိုက်ပါတယ်။PKPFရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလမှ ယနေ့အချိန်ထိ ကယားပြည်နယ်အတွင်း အပြစ်မဲ့ပြည်သူ (၅၅)ဦးသေဆုံးခဲ့ပါတယ်။ အဆိုပါသေဆုံးသွားသူတွေထဲမှာ အမျိုးသမီးတွေလည်းပါဝင်နေသလို ဖျားနာပြီးဆေးဝါးမလုံလောက်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ ကလေးငယ်လေးတစ်ယောက်လည်း ပါဝင်နေခဲ့တာဖြစ်ပါတယ်။

Source :  Original Uploder 

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T