သတင်းပေးဒလန်တစ်ချို့သတ်ဖြတ်ခံရပြီးနောက် ပေါက်မြို့နယ်ကင်းမရွာကို အကြမ်းဖက်လက်နက်ကိုင်များက မီးရှို့ဖျက်ဆီး

//s9.kh1.co/e2/e28b2ccb673e859f59305b1efe792ac48404a827.png
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

နွေးထွေးတဲ့အရိပ်အမြုံဟာလူတိုင်းအတွက်လိုအပ်ပါတယ်။ ကိုယ်တန်ဖိုးထားရတဲ့ အသိုက်အမြုံလေး ပျက်ဆီးသွားရမှာကိုမလိုလားပေမယ့် ပေါက်မြို့နယ်က ကင်းမရွာသားတွေရဲ့ အိုးအိမ်တွေကတော့ စစ်ကောင်စီရဲ့လက်နက်ကိုင်တပ်တွေကြောင့် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ပေါက်မြို့နယ် ကြည့်ငိုတောင်မှာ စစ်ကောင်းစီကိုသတင်းပေးနေတဲ့ ဒလန်တစ်ချို့သတ်ဖြတ်ခံရပြီးနောက်မှာ တော့ ယနေ့ဇွန်လ (၁၅) ရက်နေ့ ညနေ (၃) နာရီခန့်က စစ်ကောင်စီတပ်တွေရွာထဲဝင်ရောက်ပစ်ခတ်ကြပြီး တစ်ရွာလုံးကို ရက်ရက်စက်စက် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ကြောင်း ဒေသခံများရဲ့ပြောစကားအရသိရပါတယ်။

Photo Credit - Burma Revolution's FB Acc
Photo Credit - Burma Revolution's FB Acc

ရှို့မီးဟာအတော်လေးပြင်းထန်တာကြောင့် ညနေ (၄:၃၀) နာရီအထိ မီးဆက်လက်လောင်ကျွမ်း နေဆဲဖြစ်ပြီး ရွာရဲ့သုံးပုံတစ်ပုံခန့်ဟာ မီးလောင်ကျွမ်းနေဆဲဖြစ်ကြောင်းနဲ့ စစ်ကောင်းစီတပ်တွေ ဝင်ရောက်လာကတည်းက ရွာသူရွာသားတွေဟာ ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ကြတာဖြစ်ကြောင်း ဒေသခံတွေက ဆက်လက်ပြောကြားခဲ့ပါတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ အသိုက်အမြုံလေး မီးလောင်ကျွမ်းနေတာကို ရင်နာနာနဲ့ကြည့်ရတဲ့ ခံစားချက်ဟာ ခံစားဖူးမှသာကိုယ်ချင်းစာနိုင်မှာပါ။ ဒီလိုအကြမ်းဖက်တဲ့အပြုအမူတွေကို ရင်မဆိုင်လိုတဲ့ပြည်သူတွေဟာ ဒီမိုကရေစီကိုလက်ဝယ်ရအောင် အဆုံးထိတိုက်ကြမှာပါ။

Photo Credit - Burma Revolution's FB Acc
Photo Credit - Burma Revolution's FB Acc
Photo Credit - Burma Revolution's FB Acc
Photo Credit - Burma Revolution's FB Acc

ဒီလိုအခြေအနေတွေရင်မဆိုင်ရခင်မှာအေးချမ်းခဲ့တဲ့ရွာလေးဟာ အခုတော့မီးခိုးတွေကြားမှာ အကျည်းတန်နေရပါပြီ။ ရွာသူရွာသားတွေရဲ့ ဝမ်းနည်းမျက်ရည်နဲ့ စိုးထိတ်နေမှုတွေဟာလည်း မမြင်ရရင်တောင် အပြည့်အဝခံစားမိပါတယ်။ ပြည်သူတွေရဲ့ဘဝကို နစ်မွန်းသထက်နစ်မွန်းအောင် သပ်လျှိုသတင်းပေးနေတဲ့ ဒလန်တွေကြောင့် အခုလိုအဖြစ်တွေဖြစ်လာခဲ့တာပါ။ စိတ်မကောင်းစရာအဖြစ်တွေကို မေ့မသွားစေဖို့ မှတ်တမ်းတင်ထားတဲ့ပုံရိပ်တစ်ချို့ကို စာဖတ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Burma Revolution's FB Acc
Photo Credit - Burma Revolution's FB Acc

သတင်း အရင်းအမြစ် Burma Revolution's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T