ရိုက်နှက်ခံရပြီး သေနတ်ဒဏ်ရာတွေရရှိနေတဲ့ စိတ်ကျန်းမာရေးမကောင်းသူ(၂)ယောက်ကို အန္တရာယ်ကြားထဲကနေ ဆေးသွားကုပေးခဲ့တဲ့ မင်းတပ်CDF

//s9.kh1.co/e8/e85acc9b50222d1aaf6140549a39ab0a52cbd5dd.jpg
နေ့စဉ်သတင်းများ

 ၁၅-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

ရိုက်နှက်ခံရပြီး သေနတ်ဒဏ်ရာတွေရရှိနေတဲ့ စိတ်ကျန်းမာရေးမကောင်းသူ(၂)ယောက်ကို အန္တရာယ်ကြားထဲကနေ ဆေးသွားကုပေးခဲ့တဲ့ မင်းတပ်CDF

မနေ့ကတော့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF)ဟာ အန္တရာယ်တွေမျိုးစုံကိုဖြတ်ကျော်ပြီး  မင်းတပ်မြို့နယ်၊ ဘုရားစခန်းကျေးရွာထဲကိုဝင်ရောက်ကာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားနဲ့ အမျိုးသမီးကို သွားရောက်ဆေးကုသပေးခဲ့ပါတယ်။ (၁၀.၆.၂၁)ရက်နေ့က ဘုရားစခန်းကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့တွေဝင်ရောက်လာပြီး စိတ်ကျန်းမာရေးမကောင်းတဲ့ ဦးမာန်မောင်းကို လက်ပြန်ကြိုးတုပ်ကာ ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload



အဆိုပါရိုက်နှက်ခံရမှုကြောင့် အသက်(၄၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးမာန်မောင်းတစ်ယောက် ဦးခေါင်းနဲ့​ခြေထောက်တွေမှာ ဒဏ်ရာတွေရရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် အသက်(၆၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စိတ်မကျန်းမာသူဒေါ်ဂေစိမ်းငှိမ်းဟာလည်း ညာဘက်ပေါင်နဲ့ ခြေသလုံးတွေမှာ ကျည်ဆံထိမှန်ခဲ့ပါတယ်။ အကြောင်းကတော့ ဒေါ်ဂေစိမ်းငှိမ်းဟာ ဆိုလာပြားတတ်ဖြုတ်နေတဲ့ စစ်ကောင်စီတပ်သားကို မဖြုတ်ဖို့လှမ်းအော်ပြောရင်း အခုလိုပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

ယခုမှာတော့ စိတ်ကျန်းမာရေးမကောင်းသူဒေါ်ဂေစိမ်းငှိမ်းရဲ့ သေနတ်ဒဏ်ရာကို ခွဲစိတ်ကုသပေးလိုက်ပြီလို့ သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဆေးကုသပေးမှုကြောင့် အဆိုပါစိတ်ကျန်းမာရေးမကောင်းသူ(၂)ယောက်စလုံး စိုးရိမ်စရာအ​ခြေအနေမရှိတော့ကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေး သတင်းအဖွဲ့က ထုတ်ပြန်ထားခဲ့ပါတယ်။ စိတ်ကျန်းမာရေးမကောင်းတဲ့ လူ(၂)ဦးဆီ သွားရောက်ပြီး ဆေးကုသမှုပေးနေတဲ့ CDFတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source  -Orginal Upload

Photo Credit-Orginal Upload
Photo Credit-Orginal Upload
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T