ယမန်နေ့ညက မကွေးတိုင်း၊ပခုက္ကူခရိုင် ပေါက်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ ကင်းမရွာလေးတစ်ရွာလုံး မီးလောင်ခဲ့တာကိုပရိသတ်တွေ တွေ့မြင်ကြမယ်ထင်ပါတယ်။ စစ်ကောင်စီတပ်များ၀င်ရောက်မှုကြောင့် ရွာခံပြည်သူတွေက အိုးအိမ်တွေစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်ကြပြီး မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုအဘိုးအဘွားတွေကိုတော့ အိမ်မှာပဲသော့ပိတ်ပြီး ထားခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်တွေက ယမန်နေ့ညမှာတော့ ၎င်းရွာလေးတစ်ရွာလုံးကို မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်မီးလောင်ပြာကျခဲ့ရပြီး မပြေးနိုင်တဲ့အဘိုးအဘွားတွေပါ မီးထဲပါကာ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။ ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး ပြည်သူတွေလည်း စိတ်မကောင်းဖြစ်ကြကာ ကင်းမရွာလေးကိုကူညီဖို့အတွက် တတ်နိုင်သရွေ့ကြိုးစားလာကြတာကိုတွေ့ရပါတယ်။
CDM၀င်ထားတဲ့ မီးသတ်ဦးစီးမှူးတစ်ယောက်ကလည်း ဒီဖြစ်ရပ်နဲ့ပက်သက်ပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခုလိုရေးသားလာခဲ့ပါတယ်။ "ကျွန်တော်ဟာ CDMဝင်ထားတဲ့ပေါက်မြို့နယ်မီးသတ်စခန်းက လက်ထောက်မီးသတ်ဦးစီးမှူး ရန်နိုင်ထွန်းပါပေါက်မြို့နယ် ကင်းမရွာမီးလောင်တာနဲ့ပတ်သက်ပြီး မျက်ရည်ပါကျမိပါတယ်စခန်းမှာကျန်ခဲ့တဲ့ ကျွန်တော့ရဲ့လုပ်ဖော်ကိုင်ဖက်ညီအကိုတွေ အနေနဲ့လဲထပ်တူခံစားနေရမှာပါ မေးချင်တာက စိတ်မနာကြဘူးလားဗျာ မီးသတ်သမားဖြစ်ပြီး မီးသတ်ခွင့်မရှိတာ လုံခြုံရေးအရမသွားရဲလို့ ထွက်မငြှိမ်းရတာပါလို့တော့ မပြောပါနဲ့တော့ ဘယ်ပြည်သူ ဘယ်PDFကမှ မီးသတ်ဖို့လာတဲ့ အရေးပေါ်မီးသတ်ကားကို သူတို့ရဲ့ဆုံးရှုံးမှုတွေထိုင်ကြည့်ပြီးမီးမငြှိမ်းရဘူးလို့မပြောဘူး ရန်မရှာဘူး
ဒါကိုCDMလုပ်လို့ လောလောလတ်လတ် အလုပ်ပြုတ်ထားတဲ့ မီးသတ်သမား ပြည်သူတစ်ယောက်အနေနဲ့အကြွင်းမဲ့ယုံကြည်တယ်
ခုမီးလောင်မှုကလဲ မီးသတ်စန်းရှေ့မှာစွဲထားတဲ့
စစ်ခွေးဂိတ်က ထွက်ငြှိမ်းဖို့တားလို့
ဒီလောက်ထိဖြစ်ခဲ့ရတာ တွေးကြည့်စမ်းပါ
ပြည်သူ့အတွက်ဆိုထားတဲ့သစ္စာတွေ
ရှက်စရာတောင်ကောင်းပါတယ်.....။
ကျွန်တော်CDMလုပ်ဖို့အများကြီးတွေးခဲ့ရတာ
မီးသတ်ဆိုတာ ပြည်သူတွေကြားထဲမှာ
မရှိမဖြစ်အမြဲတမ်းလိုအပ်နေမှာ မီးသတ်စခန်းတစ်ခုလုံး CDMလုပ် အိမ်ပြန်နေလို့မရဘူး ဒီလိုတွေးထားတာ ဒါပေမယ့် မီးသတ်ကားတွေကို ဆေးအဖြူတွေမှုတ် မီးသတ်သမားကို ရဲယူနီဖောင်းဝတ် ဆန္ဒထုတ်ဖော်တဲ့သူတွေကို ရေနဲ့ထိုးခိုင်းဖို့ အစီအမံတစ်ခုဖြစ်လာတာရယ်(ဒါကိုတော့ မီးသတ်တပ်ဖွဲ့က အရာရှိကြီးများကလဲမလိုလားလို့ တကယ်ဖြစ်မလာခဲ့ပါဘူး) ကိုတိုင်ကလဲ အနီးကပ်တိုက်ပွဲဝင်ချင်တာရယ် ငါမရှိလဲ ငါတို့စခန်းမှာ အရေးပေါ်အတွက်လူရှိနေခဲ့တယ်လို့တွေးထားတာရယ် ဒါတွေကြောင့် သတ္တိရှိရှိနဲ့တန်ဖိုးထားတဲ့ယူနီဖောင်းကို အပေါင်ထားခဲ့တာ ဒီလိုဖြစ်စဥ်တွေကြားရ မြင်ရတော့ ဝမ်းနည်းလို့မဆုံးဘူး မီးသတ်တပ်ဖွဲ့ဝင်တွေကို CDMလုပ်ဖို့ တိုက်တွန်းတာမဟုတ်ဘူး ကိုယ့်ရဲ့Majorဆိုထားတဲ့သစ္စာတွေအတွက် မီးလောင်ရင်တော့သတ္တိရှိရှိထွက်ငြှိမ်းကြစမ်းပါဗျာ မီးငြှိမ်းရင်း အသက်ပေးဖို့တောင်ဝန်မလေးကြတဲ့ မီးသတ်သမားတွေရဲ့ဂုဏ်သိက္ခာကို လူမဆန်တဲ့အမိန့်တွေကြောင့် အကျမခံကြပါနဲ့......." ဆိုပြီး သူ့ရဲ့ခံစားချက်ကိုရေးသားထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်။
သတင်း အရင်းအမြစ်៖ Myanmarload