စစ်ကောင်စီမှ လူမဆန်စွာ မီးရှို့ခဲ့မှုကြောင့် တစ်ရွာလုံး ပြာကျသွားခဲ့ရတဲ့ ကင်းမရွာလေးရဲ့ဝမ်းနည်းစရာ မြင်ကွင်းများ

//s9.kh1.co/47/47056be9f8f9b915dac8f54dfc20792c31201340.jpeg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မနေ့က မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တောင်ပိုင်းမှာရှိတဲ့  ကင်းမကျေးရွာလေးမှာ အတော်လေးကို ဝမ်းနည်းထိတ်လန့်ဖွယ် ဖြစ်စဉ်တစ်ခု ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ ကင်းမတစ်ရွာလုံးကို စစ်ကောင်စီမှ မီးရှို့ခဲ့ပြီးသက်ကြီးရွယ်အိုများနဲ့ ကျန်းမာရေးမကောင်းသူတွေ မီးထဲပါသွားခဲ့တာ ဖြစ်ပါတယ်။ မနေ့က နေ့လည်ပိုင်းလောက်ကတည်းက မီးစတင်ရှို့ခဲ့တာဖြစ်ပြီး ညပိုင်းအထိ အရှိန်အဟုန်ပြင်းပြင်းနဲ့ တောက်လောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ အတော်လေးကို ဆိုးရွားလွန်းတာကြောင့်  ပြည်သူတွေ အားလုံးက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။

Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းမရွာထဲဝင်လာပြီဆိုတာကြောင့် ရွာသူ၊ ရွာသားများထွက်ပြေး တိမ်းရှောင်ကြရာ မပြေးနိုင် မသွားနိုင်သော သက်ကြီးရွယ်အိုများနဲ့ ကျန်းမာရေးမကောင်းသူများကို စားနပ်ရိက္ခာအလုံအလောက်ထားပြီး အိမ်ထဲမှာဘဲ တံခါးပိတ် သော့ခတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ရွာလုံးကျွတ်ပြာကျသွားခဲ့တာကြောင့် အထဲမှာပိတ်မိနေသူများအားလုံးလည်း ပါသွားခဲ့ကြောင်း စိတ်မကောင်းစွာ သိရှိခဲ့ရပါတယ်။ တော်လှန်ရေးအတွက် ပြည်သူတွေ ပေးဆပ်လိုက်ရတဲ့ ဆုံးရှုံးနစ်နာမှုတွေ အရမ်းကို များနေရပါပြီ။ 

Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader

ကင်းမရွာလေးဟာ အိမ်ခြေ (၃၀၀) လောက်ရှိခဲ့ပြီး မနေ့က ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်ကြောင့် အိမ်ခြေ (၁၅) အိမ်လောက်ပဲ ကျန်ရှိခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း ကင်းမ  ရွာလေးအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြဖို့ စီစဉ်နေကြပြီ ဖြစ်ပါတယ်။မီးထဲမှာ ပါသွားတဲ့ အဘိုးအဘွားများလည်း ကောင်းရာမွန်ရာဘုံဘသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Original Uploader

Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T