ရစရာမရှိလောက်အောင် ပြာကျသွားခဲ့ရတဲ့ နှစ်ထပ်တိုက်အိမ်ကြီးကို ကြည့်ပြီး ငိုကြွေးနေခဲ့တဲ့ အိမ်ပိုင်ရှင်မိသားစုရဲ့ ရင်တွင်းခံစားချက်

//s9.kh1.co/44/44e611f75b1efda09e1eae1aabc4e46e87662c9f.jpeg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ရစရာမရှိလောက်အောင် ပြာကျသွားခဲ့ရတဲ့ နှစ်ထပ်တိုက်အိမ်ကြီးကို ကြည့်ပြီး ငိုကြွေးနေခဲ့တဲ့ အိမ်ပိုင်ရှင်မိသားစုရဲ့ ရင်တွင်းခံစားချက်

လတ်တလောမှာဆိုရင် တချို့တိုင်းရင်းသားဒေသလေးတွေမှာ မငြိမ်မသက်တဲ့အခြေအနေရှိပြီး ပျက်ဆီးဆုံးရှုံးမှုများစွာကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် နေအိမ်တချို့နဲ့ ဘုရားကျောင်းတွေ ပျက်ဆီးခဲ့ရတာဖြစ်ပါတယ်။ဒါ့အပြင် ပြည်သူတွေရဲ့နေအိမ်နဲ့ စျေးဆိုင်တွေကို ဖောက်ထွင်းဝင်ရောက်ပြီး မွှေနှောက်ရှာဖွေကာ တချို့အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီးမော့ဆိုမြို့မှာ နေထိုင်တဲ့ ပြည်သူတစ်ဦးရဲ့ နှစ်ထပ်တိုက်နေအိမ်ကြီးဆိုရင် ရစရာမရှိအောင် ပျက်ဆီးသွားခဲ့ပြီဖြစ်ပါတယ်။အိမ်ထဲမှာကျန်ခဲ့တဲ့ အရောင်းအဝယ်ပစ္စည်းတွေကိုလည်း ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။အိမ်ပိုင်ရှင်အမျိုးသားကလည်း ချွေးနည်းစာနဲ့ ရှာဖွေစုဆောင်းပြီး ဆောက်လုပ်ထားတဲ့အိမ်လေးကို ဆုံးရှုံးလိုက်ရလို့ ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။အိမ်ပိုင်ရှင် မိသားစုကတော့ အခုချိန်မှာ မိသားစုအသိုက်အမြုံအိမ်လေးမရှိတော့တဲ့အပြင်ဘေးကင်းလုံခြုံဖို့အတွက်ပါ သတိထားနေရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

နှစ်ထပ်တိုက်အိမ်လေး မပျက်ဆီးခင်တုန်းကဆိုရင် သပ်သပ်ရပ်ရပ်နဲ့ နေချင်စဖွယ်ကောင်းတဲ့အိမ်လေးဖြစ်ပါတယ်။အခုတော့ အပြစ်မဲ့တဲ့အိုးအိမ်ကို လုပ်ရက်လိုက်ကြတဲ့အတွက် ပြည်သူလူထုကလည်း ဆုံးရှုံးရတဲ့သူတွေနဲ့အတူ ဝမ်းနည်းနေကြတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင် ပြည်သူတွေဘက်က ရင်းနှီးလိုက်ရတဲ့အရာတွေက တန်ဖိုးကြီးမားနေတာပဲဖြစ်ပါတယ်။မိသားစုတွေ နွေးနွေးထွေးထွေးနေထိုင်တဲ့ အိမ်လေးကို ဆုံးရှုံးလိုက်ရတဲ့ ပြည်သူတစ်ဦးရဲ့ခံစားချက်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T