တိုက်ပွဲတွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ကရင်နီပြည်သူတွေရဲ့ နေအိမ်များနဲ့ မြင်ရက်စရာမရှိတဲ့ အသက်မဲ့ခန္ဓာကိုယ်တွေရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/8b/8beb2b2a24f3e4d6eff4defec5855ed004ed2a6d.jpeg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

......

ကယား(ကရင်နီ)ပြည်နယ် အတွင်းမှာရှိတဲ့ ဒီးမော့ဆို မြို့‌မှာ ဆိုရင် ပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဒေသခံတွေက လွတ်မြောက်ရာ စစ်ဘေးရှောင် စခန်းတွေဆီကို ထွက်ပြေး ခိုလှုံနေရတာပါ။ အာဏာရှင်လူတစ်စုကလည်း အင်အားအလုံး အရင်းဖြင့် မြို့တွေပေါ်အထိ တက်ကာ လက်နက်ကြီးတွေနဲ့ ကျောင်းတွေ ၊ လူနေအိမ်တွေ ၊ ဘုရားကျောင်းတွေထိပါ ပစ်ခတ်လျက်ရှိပါတယ်။

Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader
Photo Crd-Original Uploader

ပြည်သူ့ကာကွယ်ရေးတပ်တွေ အနေနဲ့လည်း ရရာလက်နက် ဆွဲကိုင်ကာ အစွမ်းကုန် ခုခံ တော်လှန်နေကြပေမယ့် လက်နက်အင်အား မမျှတ တာကြောင့် ခုဆိုရင် ပြည်သူတွေရဲ့ စည်းစိမ် ဥစ္စာတွေအထိပါ ဖျက်ဆီးခံနေရတာဖြစ်ပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေ ရဲ့ အိုးအိမ်စည်းစိမ်တွေ များစွာပျက်ဆီး ဆုံးရှုံးနေရသလို ခုခံတိုက်ခိုက်ရင်း ကြွေလွင့်သွားရတဲ့ သူရဲကောင်းတွေလည်း များစွာရှိနေပါတယ်။ 

Photo Crd-Original Uploader
Photo Crd-Original Uploader

ကယားပြည်နယ်မှာ နေထိုင်ကြတဲ့ ဒေသခံတွေကတော့ တိုက်ပွဲတွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရတာမို့ ပြည်မက ပြည်သူတွေကလည်း သူတို့လေးတွေအတွက် ထပ်တူဝမ်းနည်းနေကြတာပါ ။  ဒီအခြေအနေတွေပြီးသွားရင်တောင် နေလို့မရအောင် ပျက်စီးနေတဲ့ အိမ်တွေနဲ့ မြင်ရက်စရာ မကောင်းလောက်အောင် ပုပ်ပွနေတဲ့ အသက်မဲ့ခန္ဓာကိုယ်တွေကိုလည်း ဒီဗီဒီယိုလေးထဲမှာတွေ့မြင်ရမှာပါ ။ ဒါ့အပြင် ဒီလိုအခြေအနေဆိုးတွေနဲ့ ကြုံတွေ့နေရတဲ့ ဒေသခံတစ်ဦးကလည်း " မြို့၊ရွာထဲမှာ တိုက်ပွဲဖြစ်လို့ ပြည်သူတွေ ထွက်ပြေးခိုလှုံနေတဲ့ တော တောင်တွေထဲမှာ အကြမ်းဖက်စစ်ကောင်စီမှ အင်အားအလုံးအရင်း ဖြင့်စစ်ကြောင်းထိုးစစ်ဆင်ရေးပြုလုပ်ပြီး ''မိမိနေအိမ်မှာပြန်နေကြပါ ငါတို့ဘာမှမလုပ်ဘူး'' တဲ့ပြန်လာနေဖို့အိမ်က သူတို့လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်လို့ ပြည်သူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့သည် ပြည်သူတွေဘယ်လိုပြန်နေရဲမလဲ အချို့ပြည်သူတွေနေစရာ အိမ်တောင်မရှိတော့ဘူး....." လို့ဆိုကာ သူရဲ့ ရင်တွင်းခံစားချက်လေးကိုလည်း ပြောကြားထားပါတယ်။ ပရိသတ်ကြီး အတွက် ကယားပြည်နယ်ရဲ့ လက်ရှိ အခြေအနေ ဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T