လက်နက်ကြီးနဲ့ ရက်ရက်စက်စက် ပစ်ခတ်မှုကြောင့် အိမ်နဲ့ကားတွေ မီးလောင်ပြီး ပျက်ဆီးခဲ့ရတဲ့အဖြစ်ကို ဗီဒီယိုရိုက်ပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/58/581bd5d161abf85cffbd065a4a5a2dcb5419855e.jpeg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လက်နက်ကြီးနဲ့ ရက်ရက်စက်စက် ပစ်ခတ်မှုကြောင့် အိမ်နဲ့ကားတွေ မီးလောင်ပြီး ပျက်ဆီးခဲ့ရတဲ့အဖြစ်ကို ဗီဒီယိုရိုက်ပြလာတဲ့ ပြည်သူတစ်ဦး

ပြည်သူတွေကတော့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက စိုးရိမ်ကြောင့်ကြမှုတွေနဲ့ နေထိုင်နေရတာဖြစ်ပါတယ်။ဒါ့အပြင် ဒီ (၄) လကျော်အတွင်းမှာလည်း အသက်ပေးသွားရတဲ့သူတွေလည်းရှိသလို ပစ္စည်း၊ဥစ္စာတွေကို ဆုံးရှုံးလိုက်ရတဲ့သူတွေလည်းရှိပါတယ်။ပြည်သူလူထုကတော့ အပြန်အလှန် ဖေးမကူညီကြပြီး ကြုံတွေ့လာရတဲ့အခက်အခဲ၊အတားအဆီးတွေကို ရင်ဆိုင်ဖြေရှင်းနေကြတာဖြစ်ပါတယ်။တောင်ပေါ်ဒေသလေးတွေ အထိနာနေရင်လည်း ပြည်မက ပြည်သူတွေက ဝိုင်းဝန်းကူညီပေးကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လက်ရှိမှာဆိုရင် ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်မှာ ဒေသခံပြည်သူတွေအနေနဲ့ ဒုက္ခမျိုးစုံကို ခံစားနေရတာဖြစ်ပါတယ်။တောတောင်ထဲမှာ စစ်ရှောင်နေရတဲ့အပြင် ဒီအခြေအနေကြီးပြီးသွားရင်တောင် နေစရာအိမ်မရှိတော့တဲ့သူတွေလည်း ရှိပါတယ်။ဒီးမော့ဆိုမြို့နယ်မှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တွေ ပျက်ဆီးတဲ့အပြင်စုဆောင်းရှာဖွေထားတဲ့ ပစ္စည်းတွေကိုပါ ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဒီးမော့ဆိုမြို့က ပြည်သူတစ်ဦးက သူကြုံတွေ့လိုက်ရတာကို ဗီဒီယိုရိုက်ပြီး ပြသလာတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တစ်အိမ်လုံး ပြာကျသွားတဲ့အပြင် ကားတွေလည်း မီးလောင်မှုကြောင့် ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။ဘာမှမကျန်တော့လောက်အောင် ဆုံးရှုံးသွားခဲ့ရတဲ့ ပိုင်ရှင်အနေနဲ့လည်း အပူမီးတွေဝိုင်းနေတာဖြစ်ပါတယ်။ဒီးမော့ဆိုမြို့နယ်က ပြည်သူတွေကတော့ သူတို့ခံစားလိုက်ရတဲ့အခြေအနေကြောင့် ကမ္ဘာမကြေဘူးလို့ ကြုံးဝါးနေကြတာပဲဖြစ်ပါတယ်။ပြည်သူတွေရဲ့ အိုး၊အိမ်၊ပစ္စည်းတွေကို ရက်ရက်စက်စက် ဖျက်ဆီးပစ်လိုက်တဲ့ ဗီဒီယိုဖိုင်ကို ဝမ်းနည်းစွာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T