မင်းတပ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို လူသားဒိုင်းလုပ်ပြီး လူမဆန်အောင် ရက်စက်ခဲ့တဲ့အကြောင်းတွေကိုဖွင့်ချလိုက်တဲ့ ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့

//s9.kh1.co/5c/5c587269d0e34081cb684d98553e2d513615ebdc.jpg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မင်းတပ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို လူသားဒိုင်းလုပ်ပြီး လူမဆန်အောင် ရက်စက်ခဲ့တဲ့အကြောင်းတွေကိုဖွင့်ချလိုက်တဲ့ ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့လေးမှာရှိတဲ့ ပြည်သူတွေကတော့ လွန်ခဲ့တဲ့တစ်လက ဒီလိုအချိန်မှာ အာဏာရှင်ဘက်တော်သားတွေရဲ့ဖိနှိပ်ခြင်းကို စတင်ခံစားခဲ့ရတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ မေလ (၁၅) ရက်နေ့ကစပြီး မင်းတပ်မြို့လေးကို လက်နက်ကြီးတွေနဲ့ ဖြိုခွင်းဖျက်ဆီးခဲ့တာကြောင့် ပြည်သူတွေခမျာ ဘဝပျက်ခဲ့ရတာ ဖြစ်ပါတယ် ။ မင်းတပ်ပြည်သူတွေကတော့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုထားခဲ့ရတဲ့အပြင် တောထဲတောင်ထဲကို အသက်လုပြီး ထွက်ပြေးခဲ့ရတာက အခုချိန်အထိပဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း မင်းတပ်မြို့ရှိ ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က လွန်ခဲ့တဲ့တစ်လကစပြီး မင်းတပ်မြို့မှာဖြစ်ပေါ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ မေလ (၁၅)ရက်နေ့ကစပြီး လက်နက်ကိုင်တပ်တွေက မြို့ထဲကို လက်နက်ကြီးတွေနဲ့ တစ်နေကုန်ပစ်တဲ့အပြင် တွေ့ရာအိမ်တွေကိုလည်း သေနတ်တွေနဲ့ လိုက်လံပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ် ။ CDF အဖွဲ့က ပြန်လည်ခုခံတဲ့အခါမှာတော့ သူတို့ဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-"မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့" FB Page

ဖမ်းဆီးခံရတဲ့ ပြည်သူတွေထဲကမှ ကလေးကို ကျောပိုးထားတဲ့ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး (၁၀)ယောက်ကို သူတို့က ရှေ့ဆုံးကနေ သွားခိုင်းခဲ့တာ ဖြစ်ပါတယ်။ အနောက်ကမှ ကျန်တဲ့အမျိုးသားတွေကို လိုက်ခိုင်းပြီး လူသားဒိုင်းကိုနှစ်ထပ်လုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ် ။ ဒီလိုနည်းလမ်းနဲ့ အပြစ်မဲ့ပြည်သူတွေကို သေနတ်နဲ့ချိန်ပြီး မြို့ထဲကို ဝင်လာခဲ့ကြတာဖြစ်ကြောင်း ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် မင်းတပ်ပြည်သူတွေအပေါ်မှာ ခြိမ်းခြောက်မှုတွေ၊ မတရားဖမ်းဆီးမှုတွေပြုလုပ်ပြီး လူမဆန်စွာ ရက်စက်ခဲ့တဲ့အကြောင်းတွေကို ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့က ဖွင့်ချထားတာလည်း တွေ့ရပါတယ်။

Source & Photo Credit-"မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးသတင်းအဖွဲ့" FB Page

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T