မြို့ကြီးတွေမှာ စစ်ကောင်စီတပ်များကသဲအိတ်ဘန်ကာတွေနဲ့ အခိုင်အမာခံတပ်များပြုလုပ်နေကြသဖြင့် စိုးရိမ်လာကြတဲ့ပြည်သူများ

//s9.kh1.co/63/636211ff7564adb84c0b7f354eb5af9f82a966b2.jpg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေတွေနဲ့ ဆိုးရွားလာတဲ့ဖိနှိပ်မှုတွေကြောင့် ပြည်သူတွေအနေနဲ့ "ပြည်သူ့ကာကွယ်ရေးတပ် PDF" တွေကို မြို့နယ်တိုင်းလိုလိုဖွဲ့စည်းလာကြပြီး အာဏာရှင်စနစ်ကို အမြစ်ဖြတ်တော်လှန်ဖို့အတွက် ကြိုးစားလာကြတာဖြစ်ပါတယ်။ မင်းတပ်၊ဒီမောဆို့နဲ့ လွိုင်ကော်တို့မှာလည်း စစ်ပွဲတွေတောက်လျှောက်ဖြစ်ပေါ်နေပြီး တစ်ဖက်နဲ့တစ်ဖက် အထိအခိုက်အကျအဆုံးများပြားလာတာကိုတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ရန်ကုန်၊မန္တလေးစတဲ့မြို့ကြီးတွေမှာလည်း ရပ်ကွက်ရုံးမီးလောင်မှု၊ ဗုံးပေါက်မှုတွေနဲ့ မီးလောင်မှုတွေဖြစ်ပေါ်နေတာဖြစ်ပြီး အုပ်ချုပ်ရေးမှူးအချို့လည်း ပစ်သတ်ခံရတဲ့အခြေအနေတွေထိဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ Gen Zလူငယ်လေးတွေနဲ့ အနုပညာရှင်တွေအချို့လည်း လွတ်မြောက်နယ်မြေမှာ စစ်ပညာသင်ယူနေကြပြီး အခက်အခဲတွေကြားထဲကနေ ပြည်သူတွေကာကွယ်ဖို့အတွက် ကြိုးစားနေကြတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခုလို PDFတွေဖွဲ့စည်းလာကြတဲ့နောက်မှာတော့ စစ်ကောင်စီတပ်တွေက မြို့ကြီးတွေရှိ တပ်၊ရဲနဲ့ ရပ်ကွက်ရုံးအနီးအနားတွေမှာ သဲအိတ်၊ဘန်ကာတွေနဲ့ အကာအကွယ်တွေအခိုင်အမာဆောက်လာကြတာကိုတွေ့ရပါတယ်။ အခုလိုပြုလုပ်လာကြတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း မြို့ပေါ်တွေမှာ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်လာနိုင်လားဆိုပြီး စိုးရိမ်ပူပန်မှုအချို့လည်းရှိနေတယ်လို့သိရပါတယ်။ ပရိသတ်တွေအတွက် ဒီပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T