အလှူရှင်တွေ လှူတဲ့အဝတ်ကို အားရဝမ်းသာနဲ့သွားယူပြီးခါမှ ရယ်ရခက် ငိုရခက်အဖြစ်နဲ့ ကြုံခဲ့ရတဲ့ တောထဲက GZ တစ်ယောက်ရဲ့အဖြစ်

//s9.kh1.co/8d/8d3542ca37c9b4b535673ee2f61d26b1cad70a5e.jpeg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.....

မျိုးဆက်သစ် လူငယ်တွေကတော့ တိုင်းပြည်နဲ့ လူမျိုးရဲ့အနာဂတ်တွေ သာယာလှပနိုင်ဖို့အတွက် နွေဦးတော်လှန်ရေးပွဲကြီးမှာ တတ်နိုင်တဲ့နေရာကနေ ပါဝင်နေကြတာ ပါ ။ သူတို့ရဲ့အလုပ်တွေ၊ အောင်မြင်မှုတွေ ၊ ဝါသနာတွေနဲ့ မိသားစုတွေကိုပါ စွန့်လွှတ်ပြီး တောထဲမှာ စစ်ပညာသင်ယူခဲ့ကြတာ ဖြစ်ပါတယ် ။ သူတို့ရဲ့အသက်ကိုတောင် ပေးဆပ်ဖို့ ဝန်မလေးကြတဲ့ လူငယ်လေးတွေရဲ့ သူရဲကောင်းစိတ်ဓာတ် အပြည့်ရှိပုံကိုတော့ လေးစားမိတာ အမှန်ပါပဲ ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အရင်က ဘယ်လိုပဲ လူငယ်ဘဝကို လွတ်လပ်ပျော်ရွှင်စွာနဲ့ ပေါ့ပေါ့ပါးပါး ဖြတ်သန်းခဲ့ကြပေမယ့် ခုချိန်မှာတော့ အဆင်မပြေမှုတွေကြားမှာ အင်းတင်းကာ နေထိုင်နေကြရတာပါ ။ ဗိုက်ဆာရင်တောင် ထ စားစရာ မရှိသလို မိုးဒဏ်၊ မုန်တိုင်းဒဏ်တွေကို အံတုပြီး နေနေကြရပါတယ် ။ တွေးကြည့်ရင်တောင် မလွယ်ကူလို့ တကယ်လက်တွေ့ ရင်ဆိုင်နေရတဲ့ သူတို့ ဘဝလေးတွေကို ထပ်တူကိုယ်ချင်းစာနာမိပါတယ် ။ 

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါကြောင့်လည်း တောထဲရောက်နေတဲ့ လူငယ်လေးတွေက ပျော်စရာများကို ရှာကြံပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြပါတယ် ။ အခုလည်း တောထဲက GZ လေးတွေ ဝတ်ဖို့ အဝတ်တွေ အလှူရှင်တွေက ပို့လိုက်တာကြောင့် အားရဝမ်းသာ  သွားယူကာမှ မိန်းကလေးဝတ်ဂါဝန်လေးတွေပါလာပြီး ဝတ်ပြကာ စနောက်ရင်း သူရဲ့ အဖြစ်လေးကိုလည်း " တောထဲက GZလူတွေဖို့ အဝတ်တွေ အလှူရှင်တွေက ပို့လိုက်လို့ အားရဝမ်းသာ  သွားယူတာ  ဒီတစ်ထည်ရ  PUBGထဲကလို စစ်တိုက်စေချင်တာလား တော်တော်လေး ခရေစီဖြစ်မိပါတယ် ကျေးဇူး" ဆိုပြီး ခုလို ရေးသားဖော်ပြထားရာ ရယ်စရာကောင်းသလို ချစ်စရာလည်းကောင်းနေတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T