ဒလန်လို့နာမည်ကြီးနေတဲ့ သန်လျင်ကျောက်တန်းက လက်ထောက်ပညာရေးမှုး သေနတ်ဖြင့်သုံးချက်ပစ်သတ်ခံရပြီး ပွဲချင်းပြီးသေဆုံး

//s9.kh1.co/64/64e5ce27a5b7c9db9ce34672d93d642917367979.png
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိအချိန်ဟာ ကျဆုံးသွားတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့သွေးကြွေးကိုပြန်ဆပ်နေတဲ့ အချိန်ဖြစ်ပြီး စစ်ကောင်စီသတင်းပေးဒလန်တွေကို အဓိကထားပြီး ရှင်းလင်းရေးလုပ်နေခဲ့ပါ တယ်။ ဒီနေ့မှာလည်း သန်လျင်ကျောက်တန်းက လက်ထောက်ပညာရေးမှုးဦးအေးထွန်းဟာ ယနေ့ဇွန်လ (၁၆) ရက် မနက် (၈) နာရီလောက်မှာ ရုံးကိုလာရင်း အမည်မသိသူတစ်ဦးက ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ (၃) ချက် ပစ်သတ်ခဲ့တာပဲဖြစ်ပါတယ်။ ကျောက်တန်း စံချိန်မီကုန်းအတက်မှာ အခုလိုပစ်ခံရတာဖြစ်ပြီး ဦးအေးထွန်းကတော့ နေရာမှာတင်ပဲ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ သေဆုံးသူဦးအေးထွန်းဟာ စစ်ကောင်စီသတင်းပေး ဒလန်တစ်ယောက်ဖြစ်တယ်လို့ အကြောင်းသိသူတွေရဲ့ပြောစကားအရ သိရပါတယ်။ လက်ရှိမှာတော့ အခင်းဖြစ်ပွားရာနေရာကို စစ်သားနဲ့ရဲ အင်အား (၅၀) ခန့်နဲ့ ပတ်နေကြတယ်လို့ အနီးနားဒေသခံတစ်ယောက်ကဆိုပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

မျက်မြင်တွေ့သူတစ်ယောက်ကလည်း " ဒီမနက် သန်လျင် -ကျောက်တန်း ပညာရေမှူး သေနတ်နဲ့ ပစ်သတ်ခံရတာပါ။ အထက (၁) ကျောင်း ရှေ့မှာ လူတစ်ယောက်ကနေ ပစ်သတ်သွားတာ။ သူက ဒလန်အကြီးစား တစ်ယောက်လည်းဟုတ်တယ် " ဆိုပြီး သတင်းစကားပါးခဲ့ပါသေးတယ်။ မနေ့ကဇွန်လ (၁၅) ရက်နေ့မှာ သန်လျင်ကျောက်တန်းက မဂ်လွန်းစံပြကျေးရွာမှာ ပြည်သူနှစ်ယောက် မတရား ဖမ်းဆီးခံရပြီး ပြည်သူ့ဝန်ထမ်းများ နေအိမ်ကိုအကြမ်းဖက်ဝင်ရောက် ရှာဖွေမှုမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ဦးအေးထွန်းဟာ ယနေ့ဇွန်လ (၁၆) ရက်နေ့မနက်ပိုင်းမှာပဲ အခုလိုသေနတ်နဲ့သုံးချက်ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

ပစ်သွားခဲ့တဲ့နေရာမှာပဲ သွေးအိုင်ထဲခွေခေါက်လဲကျခဲ့ပြီး ပစ်သွားသူကိုတော့ ယခုချိန်ထိ ဖမ်းဆီးမိခြင်း မရှိသေးပါဘူး။ ဒေသခံပြည်သူတွေဟာလည်း ဒီအဖြစ်အပျက်ကြောင့် စစ်သားနဲ့ရဲတွေ အင်အား အများအပြားနဲ့ ကင်းလှည့်နေကြတာကို စိုးရိမ်ပြီး အနီးအနားကို မလာကြဖို့ ပြည်သူတွေကို သတိပေးပြောကြားခဲ့ပါတယ်။ မတရားမှုကိုခေါင်းငုံ့မခံတော့တဲ့ ပြည်သူတွေဟာ သွေးကြွေးကို သွေးကြွေးနဲ့ပြန်ဆပ်ဖို့အသင့်ဖြစ်နေကြပါပြီ။ လွတ်လပ်အေးချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်အောင် မရရတဲ့နည်းနဲ့ဖော်ဆောင်တော့မယ့် ပြည်သူတွေရဲ့ ဆန္ဒအားလုံးဟာ ထပ်တူကျနေခဲ့ပါပြီ။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

သတင်း အရင်းအမြစ်ဘုန်းထက်ကြယ်'s FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T