မြန်မာပြည်ရဲ့နွေဦးတော်လှန်ရေးအတွက် ငွေကျပ်သိန်းပေါင်း (၁၆၀၀) ကျော်လှူဒါန်းပေးခဲ့တဲ့ အမေရိက က အလှူရှင်မိသားစု

//s9.kh1.co/9e/9e1ebea3120a865494893e4e41921d143189a206.png
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

မြန်မာပြည်အကျပ်အတည်းကာလတွေနဲ့ရင်ဆိုင်နေရချိန်မှာ ပြည်ပရောက်မြန်မာပြည်သားတွေဟာ လည်း အမိမြေအတွက်နိုင်ရာတာဝန်ထမ်းခဲ့ကြပါတယ်။ ဒီနေ့မှာလည်း အမေရိကနိုင်ငံမှာနေထိုင်တဲ့ (ကိုဇော်မျိုး + မသူသူအောင်) မိသားစုက မြန်မာ့နွေဦးတော်လှန်ရေးအတွက် အမေရိကန်ဒေါ်လာတစ်သိန်းလှူဒါန်းပေးခဲ့ပါ တယ်။ ဒီငွေပမာဏဟာအတော်လေးကိုများပြားပြီး မြန်မာငွေနဲ့ဆို ငွေကျပ်သိန်းပေါင်း (၁၆၀၀) ကျော်ခန့်ရှိပါတယ်။ ငွေကြေးထက်စေတနာကပိုလွန်သွားတဲ့အချိန်မှာ လှူဒါန်းတဲ့ပမာဏထက် လှူဒါန်းသူရဲ့သဒ္ဓါစိတ်ကသာ ပိုပြီးကြည်နူးစရာကောင်းလွန်းတာမျိုးပါ။

Photo Credit - ဘုန်းထက်ကြယ်'s FB Acc
Photo Credit - ဘုန်းထက်ကြယ်'s FB Acc
Photo Credit - ဘုန်းထက်ကြယ်'s FB Acc
Photo Credit - ဘုန်းထက်ကြယ်'s FB Acc

လူ့အခွင့်အရေးအပြည့်အဝရတဲ့နိုင်ငံမှာ အေးအေးချမ်းချမ်းနေလို့ရပေမယ့် အမိမြေရဲ့ အခက်အခဲကို လျစ်လျူမရှုဘဲ အခုလိုလှူဒါန်းပေးတဲ့စေတနာက ပြောမကုန်နိုင်အောင်ပါပဲ။ ဝမ်းပန်းတသာလှူဒါန်းပေး ကြတဲ့ အလှူရှင်တွေကို မြန်မာပြည်သူပြည်သားတွေက သာဓုအကြိမ်ကြိမ်ခေါ်ဆိုကြပြီး ကျေးဇူးတင်ကြောင်းတွေလည်းပြောခဲ့ပါသေးတယ်။ ဒီငွေတွေဟာ တကယ်လိုအပ်နေတဲ့နေရာတွေကို ရောက်တော့မှာဖြစ်လို့ အခက်အခဲဖြစ်သူတွေအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်စာလောက်အဆင်ပြေသွား ရင်တောင် ကျေနပ်စရာကောင်းလွန်းပါတယ်။

Photo Credit - ဘုန်းထက်ကြယ်'s FB Acc
Photo Credit - ဘုန်းထက်ကြယ်'s FB Acc
Photo Credit - ဘုန်းထက်ကြယ်'s FB Acc
Photo Credit - ဘုန်းထက်ကြယ်'s FB Acc

အလှူရှင်မိသားစုရဲ့ပြောင်မြောက်တဲ့စေတနာနဲ့လှူဒါန်းနေတဲ့ပုံရိပ်တွေကို " ကိုဇော်မျိုး + မသူသူအောင် မိသားစုက နွေဦးတော်လှန်ရေးအတွက် ဒေါ်လာတစ်သိန်း လှူဒါန်းကြောင်း သိရှိရတဲ့အတွက် နိုင်ငံချစ်စိတ်နဲ့ အတူ မွေး‌ဖွားရာ ဇာတိမြေအပေါ် ထားရှိတဲ့ စေတနာတို့ကို မြင်မိရင်း တကယ်ကိုပဲ လေးစားဂုဏ်ယူမိ ပါတယ်ခင်ဗျာ။ အလှူရှင်မိသားစု ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ။ အရေးတော်ပုံ အောင်ရမည်။ " ဆိုပြီး ပီတိဖြစ်ရသူတစ်ယောက်က ဝေမျှလာခဲ့ပါတယ်။ ဘယ်ဖက်ကတစ်ဆုပ်ကြဲလို့ ညာဖက်က တစ်လှည်းဝင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

Photo Credit - ဘုန်းထက်ကြယ်'s FB Acc
Photo Credit - ဘုန်းထက်ကြယ်'s FB Acc

သတင်း အရင်းအမြစ်ဘုန်းထက်ကြယ်'s FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T