တချိန်က မီးလောင်တိုက်သွင်းခံခဲ့ရပြီး တစ်ရွာလုံးမီးဟုန်းဟုန်းတောက်လောင်နေတဲ့ ကရင်ရွာလေးရဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်နေတဲ့ ဒေါင်းဝေ

//s9.kh1.co/4e/4efeaa3a4bdb989d678aae82cf52fdb964d63b92.jpeg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

..

စစ်ကောင်စီရဲ့ အကြမ်းဖက်လူမဆန်လွန်းတဲ့ အပြုအမူတွေကြောင့် ပြည်သူတွေကတော့ အိုးမဲ့အိမ်မဲ့တွေဖြစ်ကြရတဲ့အပြင် အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့်လည်း အသက်ဆုံးရှုံးနေကြရတာ အတော်များများပါပဲ..။

လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ခဲ့တဲ့ လုပ်ရက်တွေကြောင့် ကျေးရွာတွေအများအပြား ပျက်စီးဆုံးရှုံးနေကြရပြီး ပြည်သူတွေအားလုံး ကြိတ်မနိုင်ခဲမရနဲ့ မုန်းတီးရွံ့ရှာနေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit
Photo Credit

ဇွန်လ(၁၅)ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းရှိ ကင်းမရွာကို မီးရှို့ခဲ့ကြသလို အရင်တချိန်ကလည်း သောရင်းမြစ်နံဘေးမှာရှိတဲ့ ကရင်ရွာလေးကိုလည်း တစ်ရွာလုံး မီးရှို့ဖျက်စီးခဲ့ကြပါသေးတယ်..။

အခုလို အကြောင်းမဲ့မီးရှို့မှုတွေကြောင့် တစ်ရွာလုံး ပြာကျတဲ့အထိ မီးဟုန်းဟုန်းတောင် မီးလောင်ကျွမ်းခဲ့ရပြီးဆုံးရှုံးမှုများစွာနဲ့ ဆင်းရဲဒုက္ခမျိုးစုံကို ခါးစည်းရင်ဆိုင်နေကြရတဲ့ဒေသခံကရင်လူမျိုးတွေအတွက် ပြည်သူတွေအားလုံးက စိတ်မကောင်းဖြစ်ခဲ့ကြရသလို ဒေါင်းဝေကလည်း သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ဝမ်းနည်းခံစားရကြောင်း ပြောလာပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit

"ရင်ကွဲရပါတယ် ဖထီး ဘယ်မှာလဲ ငါတို့တိုင်းရင်းသားတွေအတွက်လူသားချင်းစာနာမှု့ဆိုတာ ?

အမြန်ဆုံး အေးချမ်းပါစေ မြန်မာပြည် ?.." ဆိုပြီး ဒေါင်းဝေက စိတ်မကောင်းစွာနဲ့ ဗီဒီယိုဖိုင်ကို ဝေမျှထားတာပါ..။

​ဒေသခံတွေဟာ ပစ္စည်းတွေနိုင်သလောက် သယ်ပိုးပြီး မသွားလာနိုင်ကြတဲ့ သက်ကြီးဖိုးဖွားတွေကိုလည်း ဘေးလွတ်ရာ သယ်ထုတ်ကြပြီး ပြည်သူတွေကတော့ မီးညွှတ်မီးလျှံတွေကြားရှောင်တိမ်းပြေးလွှားနေကြတာကို စိတ်မကောင်းဖြစ်နေကြရတာလည်း ဖြစ်ပါတယ်..။ 

Photo Credit - Daung Wai's Fb Acc
Photo Credit - Daung Wai's Fb Acc

သတင်း အရင်းအမြစ်Daung Wai's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T