စစ်ကောင်စီတပ်တွေရဲ့ ရက်ရက်စက်စက်မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ရစရာမရှိအောင်ပျက်စီးသွားခဲ့ပြီး ရွာပျက်ကြီးသဖွယ်ဖြစ်သွားခဲ့တဲ့ ကင်းမရွာရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/0a/0a32fa7b7cc70327a0cb9dfddec2686a0106ea55.jpg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

စစ်ကောင်စီတပ်တွေရဲ့ ရက်ရက်စက်စက်မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ရစရာမရှိအောင်ပျက်စီးသွားခဲ့ပြီး ရွာပျက်ကြီးသဖွယ်ဖြစ်သွားခဲ့တဲ့ ကင်းမရွာရဲ့ဗီဒီယိုဖိုင်

မနေ့ကတော့ မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်တောင်ပိုင်း ကင်းမရွာထဲကို စစ်ကောင်စီတပ်ဖွဲ့တွေဝင်ရောက်လာပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ကင်းမကျေးရွာသူကျေးရွာသားတွေကတော့ အစောပိုင်းထဲက  ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေခဲ့တာဖြစ်ပေမယ့် မပြေးနိုင်မလွှားနိုင်တဲ့ သက်ကြီးရွယ်အိုတွေကိုတော့ ရိက္ခာတွေနဲ့အတူအိမ်ထဲမှာပဲထားခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်တွေရဲ့နေအိမ်တွေကိုမီးရှို့မှုကြောင့် ကျန်းမာရေးမကောင်းဘဲ အိပ်ရာထဲလဲနေတဲ့ သက်ကြီးရွယ်အို(၄)ဦးမီးလောင်ပြီး သေဆုံးသွားခဲ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ပြည်သူတွေများစွာကတော့ အိမ်ထဲပိတ်မိနေပြီး ကူရာမဲ့ကယ်ရာမဲ့ဖြစ်ကာ မီးလောင်သေဆုံးသွားတဲ့ အဖိုးအဖွား(၄)ဦးအတွက် ယူကျုံးမရဖြစ်ပြီး ဝမ်းနည်းကြေကွဲနေကြပါတယ်။ ပေါက်မြို့နယ်တောင်ပိုင်းက အဆိုပါကင်းမရွာလေးမှာ အိမ်ခြေ (၂၅၀)ဝန်းကျင်ရှိပြီး လူဦးရေ (၁၀၀၀)ကျော် နေထိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ စစ်ကောင်စီတပ်ရဲ့ ရက်ရက်စက်စက်မီးရှို့ဖျက်ဆီးခဲ့မှုတွေကြောင့် တစ်ရွာလုံးမီးလောင်ပြာကျခဲ့ပြီး အိမ်ခြေ(၂၀)ဝန်းကျင်လောက်သာ ကျန်ရှိတော့ကြောင်း သိရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ယနေ့မှာတော့ စစ်ကောင်စီတပ်တွေရဲ့ ရက်ရက်စက်စက်မီးရှို့ဖျက်ဆီးမှုကြောင့် တစ်ချိန်ကအေးအေးချမ်းချမ်းရှိခဲ့တဲ့ ကင်းမရွာလေးဟာရစရာမရှိအောင် ပျက်စီးသွားခဲ့ရပြီး ရွာပျက်ကြီးသဖွယ်ဖြစ်သွားခဲ့ပါတယ်။ ပြည်သူတွေကတော့ ဘာတစ်ခုမှ မကျန်အောင်မီးလောင်ပျက်စီးနေတဲ့ ကင်းမရွာလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေကြပါတယ်။ လူသူမရှိတော့ဘဲ ကြည့်ရက်စရာမရှိအောင် မီးလောင်ပျက်စီးနေတဲ့ ကင်းမရွာလေးရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်ကို အောက်မှာကြည့်နိုင်ပါတယ်။

Source -  Original Uploader

Photo credit-Original Uploader
Photo credit-Original Uploader
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T