ညီညီကျဆုံးခဲ့တဲ့ ဝမ်းနည်းစရာအဖြစ်အပျက်အစအဆုံးကို ကာတွန်းလေးဖန်တီးပြီး မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/f2/f21610b73596131c01fb7dc018a5393db2aa5ec9.jpeg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ညီညီကျဆုံးခဲ့တဲ့ ဝမ်းနည်းစရာအဖြစ်အပျက်အစအဆုံးကို ကာတွန်းလေးဖန်တီးပြီး မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်

သူရဲကောင်းလေး ညီညီအောင်ထက်နိုင် ကျဆုံးသွားခဲ့တာ ရက်ပေါင်း (၁၀၀) ကျော်သွားပြီဖြစ်ပေမယ့်ပြည်သူလူထုကတော့ အမှတ်ရနေဆဲဖြစ်ပါတယ်။ညီညီ့ရဲ့ ကျန်ရစ်သူမိသားစုကလည်း သွားလေသူအတွက်ကုသိုလ်ကောင်းမှူတွေကို အမြဲလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ညီညီကျဆုံးတုန်းကဆိုရင် ပြည်သူတွေလည်းအရမ်းဝမ်းနည်းရလို့  သူကျည်ထိမှန်ခဲ့တဲ့နေရာလေးမှာ ပန်းလေးတွေသွားချပေးကြတာဖြစ်ပါတယ်။ဒါ့အပြင် ညီညီ့ရဲ့မိသားစုကိုလည်း ပြည်သူလူထုက အားပေးနှစ်သိမ့်ကြပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတစ်ယောက်ချင်းစီတိုင်းက ပြည်သူတွေရဲ့ရင်ထဲမှာ ထာဝရတည်ရှိနေတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ပြည်သူတချို့က သူရဲကောင်းတွေအတွက် အမှတ်တရလေးတွေကိုဖန်တီးပေးထားကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ပြည်သူတစ်ဦးက ညီညီကျဆုံးခဲ့တဲ့ အဖြစ်အပျက်အစအဆုံးကို ကာတွန်းလေးရေးဆွဲပြီး မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ညီညီခမျာ ကျည်ထိမှန်သွားတဲ့အချိန် မိခင်ကိုလည်း “သားထိသွားပြီ” လို့ ဖုန်းဆက်ပြီးပြောလိုက်သေးတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဘေးပတ်ဝန်းကျင်မှာရှိတဲ့လူငယ်တွေကလည်း ညီညီ့ရဲ့အသက်ကို ရအောင်ကယ်ပေးခဲ့ကြပေမယ့် ကံဆိုးစွာနဲ့ပဲသူရဲကောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ်။အခုချိန်ထိလည်း ညီညီကျဆုံးခဲ့တဲ့ ဖြစ်ရပ်ကို ပြည်သူတွေက မမေ့မလျော့ရှိနေကြတာဖြစ်ပါတယ်။အသက်ငယ်ငယ်လေးနဲ့ ပေးဆပ်လိုက်ရတဲ့ ညီညီကျဆုံးခဲ့တဲ့ ဖြစ်ရပ်လေးကို သမိုင်းတွင်ကျန်ရစ်နေအောင် ကာတွန်းလေးဆွဲပြီး ဗီဒီယိုဖန်တီးထားတာကြောင့် ပြည်သူတွေအားလုံးကြည့်ရှု့ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T