မြန်မာနိုင်ငံအရေးနဲ့ ပတ်သတ်လို့ ၁၈ရက်နေ့တွင် တံခါးပိတ် ဆွေးနွေးမှု ပြုလုပ်မည့် လုံခြုံရေးကောင်စီ

//s9.kh1.co/58/5849fe6ce6a430cbbe633fd5e803a48c62dec954.jpg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

အာဆီယံသည် မြန်မာ့အရေးတွင် ဖျန်ဖြေပေးနိုင်ရေးကြိုးပမ်းမှုများကို ဆွေးနွေးနိုင်ရန် ကုလ လုံခြုံရေးကောင်စီတွင် တံခါးပိတ်ဆွေးနွေးမှုတစ်ခုကို သောကြာနေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရှိရပါတယ်။ ဇွန်လအစောပိုင်း၌ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် အာဆီယံကိုယ်စားလှယ်နှစ်ဦးထဲမှ တစ်ဦးဖြစ်သူ ဘရူးနိုင်း နိုင်ငံ၏ ဒု-နိုင်ငံခြားရေးဝန်ကြီး ဖြစ်သော အီရာဝမ် ပက်ဟင် ယူစော့၏ ရှင်းလင်းတင်ပြမှုကို လုံခြုံရေးကော်စီတွင် သောကြာနေ့၌ ကြားရဖွယ် ရှိပါတယ်။ အထက်ပါ အာဆီယံကိုယ်စားလှယ် နှစ်ဦးသည် မြန်မာနိုင်ငံသို့လာစဉ် NUG မှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံမှုတော့မရှိခဲ့ပေ။

Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload

အာဆီယံသည် မြန်မာ့အရေးတွင် သံတမန်နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေသော်လည်း ၎င်းတို့ကိုယ်တိုင်က ၎င်းတို့၏ သံတမန်ဩဇာမည်မျှထိရောက်မည်ကို မသိသလို စောင့်ကြည့်နေသူများကလည်း မြန်မာပြည်တွင်းရှိဖြစ်ရပ်များအပေါ် အာဆီယံက မည်မျှလွှမ်းမိုးနိုင်မည်ကို မေးခွန်းထုတ်လျှက်ရှိ‌ပါတယ်။ ဘရူနိုင်းသည် ၂၀၂၁ အတွက် အာဆီယံ ဥက္ကဌ ရာထူးကို လက်ခံရယူထားသည့် နိုင်ငံပါ။ ကုလလုံခြုံရေးကောင်စီ၌ မြန်မာ့အရေးဆွေးနွေးမှုသည် ဧပြီ ၃၀ ရက်နေ့က နောက်ဆုံးဖြစ်ပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သည့် လုံခြုံရေးကောင်စီ၏ စုပေါင်းထုတ်ပြန်ချက်တွင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်မှာကဲ့သို့ပင် “ မြန်မာတွင် အကြမ်းဖက်နေမှုများကို ချက်ခြင်းရပ်တန့်ပေးရန် ” ဟူသည့် တစ်ချက် ပါဝင်ပါတယ်။ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်တွင် မြန်မာဆိုင်ရာအာဆီယံကိုယ်စားလှယ်တစ်ဦး ခန့်အပ်ဖို့ပါဝင်သော်လည်း ယင်းကိုယ်စားလှယ်နေရာအတွက်ပင် ယခုချိန်ထိ အမည်မထုတ်ပြန်နိင်သေးပါ။ ၁၈ရက်နေ့တွင် ပြုလုပ်မယ့် လုံခြုံရေးကောင်စီ၏ မြန်မာ့အရေကြားနာမှုတွင် မြန်မာဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ခရစ်စတင်း ဘာဂါနာ၏ တင်ပြပြောဆိုချက်များကိုပါ ကြားနာဖွယ်ရှိပါတယ်။ ခရစ်စတင်းနာ ဘာဂနာသည် အာဆီယံဒေသတွင်းခရီးရှည်တစ်ခုထွက်ခဲ့သော်လည်း မြန်မာအာဏာသိမ်းစစ်အုပ်စုက ၎င်းကို ပြည်ဝင်ခွင့်မပေးခဲ့သောကြောင့် မြန်မာနိုင်ငံသို့ ခရီးမဆိုက်ခဲ့ပါ။

သတင်း အရင်းအမြစ်The Japan Time

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T