မြန်မာနိုင်ငံ၏ ကုလဆိုင်ရာသံအမတ်ကြီး က အာဏာသိမ်းစစ်အုပ်စုကို ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေပြုလုပ်ပေးဖို့ တောင်းဆို

//s9.kh1.co/9b/9b0c60ae754d0c90dab7134978b100503ddd3950.jpg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ကုလလုံခြုံရေးကောင်စီ၏ သောကြာနေ့ (ဇွန် ၁၈) တွင် ကျင်းပမည့် မြန်မာ့အရေးအစည်းအဝေးမတိုင်ခင် မြန်မာနိုင်ငံ၏ကုလဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အာဏာသိမ်းစစ်အုပ်စုကို “ထိရောက်တဲ့စုပေါင်းအရေးယူဆောင်ရွက်မှု” တွေကို ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သံအမတ်ကြီးက ကုလသို့ မတ်လ ၂၈ ရက်နေ့ နေ့စွဲဖြင့်ရေးပို့ထားသော စာတွင် “ဖြစ်လာနိုင်ခြေရှိတဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ပြစ်မှုများ နဲ့ ဒေသတွင်း လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာပြဿနာများကို ဖြစ်လာစေနိုင်သည့် အလားအလာများကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တားဆီးကာကွယ်နိုင်ဖို့ ထိရောက်တဲ့စုပေါင်းအရေးယူဆောင်ရွက်မှုတွေကို ချမှတ်ပေးဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်” ဟု ရေးသားခဲ့ပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload

သံအမတ်ကြီးက “ထိရောက်ပြီး တိကျပြတ်သားတဲ့ စုပေါင်းအရေးယူဆောင်ရွက်မှုတွေကို ချက်ခြင်းပြုလုပ်ဖို့ မဖြစ်မနေလိုအပ်နေပါတယ်။ ဒီလိုအရေးယူဆောင်ရွက်မှုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဆောင်ရွက်ဖို့ပျက်ကွက်ခဲ့မယ်ဆိုလျှင်ဖြင့် အပြစ်မဲ့မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆက်လက်ကျူးလွန်နိုင်ဖို့ ခွင့်ပြုပေးသလိုဖြစ်စေပြီး လူပေါင်းမြောက်မြားစွာရဲ့အသက်တွေကိုလည်း ထပ်မံဆုံးရှုံးရပါလိမ့်မယ်” ဟု စာထဲတွင် ရေးသားထားပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ပယ်ချခဲ့သူတစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုက သူ့ကို ကုလဆိုင်ရာ မြန်မာသံအမတ်အဖြစ်မှပယ်ရှားခဲ့သော်လည်း ကုလကတော့ သူသည်သာ ဥပဒေနှင့်အညီခန့်အပ်ခံရသော မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်ဟု သဘောထားဆဲဖြစ်ပါတယ်။ သံအမတ်ကြီးက “အာဏာသိမ်းပြီစ အခြေအနေတွင် နိုင်ငံတကာ၏ ထိရောက်ပြင်းထန်သောအရေးယူဆောင်ရွက်မှုတွေ ကင်းမဲ့ခဲ့ခြင်းသည် အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြခဲ့သော ပြည်သူများကို လက်နက်ကိုင်တပ်ဖွဲ့ဝင်များက သေစေနိုင်သည့်အထိ ဖြိုခွင်းမှုများအပေါ် ကူညီရာရောက်ခဲ့ပါတယ်။ အကယ်၍များ ကုလအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်တပ်အပေါ် ထိရောက်ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် အပြစ်မဲ့ပြည်သူ အယောက် ၈၀၀ ကျော်ရဲ့ အသက်ဆုံးရှုံးမှုတွေကိုလည်း တားဆီးနိုင်ခဲ့ပြီးဖြစ်မှာပါ” ဟု ဆက်လက်ရေးသားခဲ့ပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

သတင်း အရင်းအမြစ်The Japan Time

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T