ဒီမနက် အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ကင်းမရွာ မီးလောင် ဗီဒီယိုက အမှားဖြစ်ကြောင်း သက်သေနဲ့တကွ ပြန်လည်ရှင်းပြထားတဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/62/625efb7f89062135a8c68296c5a43e82ced14f7a.jpeg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

....

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကင်းမကျေးရွာလေးမှာ မနေ့ကဖြစ်ပျက်သွားတဲ့ မီးလောင်မှု ဖြစ်စဉ်လေးကတော့ အတော်လေး ပြည်သူတွေရဲ့ ရင်ကိုထိမှန်ခဲ့ပါတယ် ။ ကင်းမရွာ တစ်ရွာလုံးကို အာဏာရှင် လူတစ်စုဖက်ကနေ မီးရှို့ခဲ့တယ်လို့လည်း သိရပါတယ် ။ မီးက နေ့လည်ပိုင်း ကတည်းက စတင်လောင်ခဲ့ရာ ညပိုင်းမှာ မီးလောင်မှု အရှိန်အဟုန် ပိုကောင်းခဲ့ပါတယ် ။

Photo Credit : ပေါက်မြို့နယ် ဟစ်တိုင် Page 
Photo Credit : ပေါက်မြို့နယ် ဟစ်တိုင် Page 

မီးလောင်မှုအရှိန်ကြောင့် လမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အိုတွေလည်း မီးထဲပါကာ သေဆုံးခဲ့သလို မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေလည်း အရှင်လတ်လတ် မီးလောင်ကာ သေဆုံးခဲ့ကြပါတယ် ။ ဘယ်လောက်တောင် မီးလောင်ဒဏ်ကို ခံစားလိုက်ရမလည်း တွေးကြည့်ရင်း စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲနော် ။ ဒီသတင်းနဲ့ ပတ်သက်ပြီး မနက်အစောပိုင်းမှာတော့ ကင်းမရွာ မီးလောင်နေတဲ့ ဗီဒီယိုဖိုင်များစွာ လူမှုကွန်ယက် စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။

Photo Credit : ပေါက်မြို့နယ် ဟစ်တိုင် Page 
Photo Credit : ပေါက်မြို့နယ် ဟစ်တိုင် Page 
Photo Credit : ပေါက်မြို့နယ် ဟစ်တိုင် Page 
Photo Credit : ပေါက်မြို့နယ် ဟစ်တိုင် Page 

အဖွားတစ်ယောက် မီးလောင်ပြင်မှာ ထိုင်ငိုနေတဲ့ စတဲ့ ဒီဗီဒီယိုတွေနဲ့ ပတ်သက်ပြီး ပေါက်မြို့နယ် ဒေသခံတစ်ဦးက မနက်က အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ မီးလောင် ဗီဒီယိုဖိုင်တွေဟာ အမှားသာဖြစ်ကြောင်းကို " မနေ့ကနဲ့ ဒီနေ့မနက်အစောပိုင်းက onlineပေါ်တွင် ပျံ့နှံ့နေသော video fileအများစုသည် ကင်းမရွာမီးလောင်တဲ့ဖြစ်စဉ်မဟုတ်ပါခင်ဗျ။တိုင်းရင်းသားရွာမီးလောင်နေတဲ့video fileများသာဖြစ်ပါတယ်။ အသံတွေကိုသေချာနားထောင်ကြည့်ရင် သိနိုင်ပါတယ်။ ကျနော်တို့ ပေါက်မြို့နယ် ဟစ်တိုင်pageမှာ video fileအမှန်ကို အချိန်နဲ့တပြေးညီ မတင်ပေးလိုက်ရသည့်အတွက် နားလည်ခွင့်လွှတ်ပေးကြပါခင်ဗျ။ ပြည်သူလူထုနဲ့အမြဲအတူရှိနေမည့် ပေါက်မြို့နယ် ဟစ်တိုင်" ခုလိုရေးသားရင်း ကိုယ်တိုင် မီးလောင်ပြင်ကိုသွားရောက် ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကိုပါ သက်သေနဲ့ တကွ ဖော်ပြလာတာကြောင့် ပရိသတ်ကြီးလည်း ဖြစ်ရပ်မှန်ကို သိနိုင်ရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T