တောထဲကရဲဘော်တွေ မြိန်ရေရှက်ရေစားနိုင်ဖို့အတွက် ငါးပိကြော်တွေ၊ဘာလချောင်ကြော်တွေကို အိုးအပြည့်ချက်ပြီး ပို့ဖို့ပြင်ဆင်နေတဲ့ ထိုင်းရောက်မြန်မာတွေရဲ့ဗီဒီယို

//s9.kh1.co/62/6265c80afc8283f6fb7a7b4b192dbc5c2df69326.jpg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

တောထဲကရဲဘော်တွေ မြိန်ရေရှက်ရေစားနိုင်ဖို့အတွက် ငါးပိကြော်၊ဘာလချောင်ကြော်တွေကို အိုးအပြည့်ချက်ပြီး ပို့ဖို့ပြင်ဆင်နေတဲ့ ထိုင်းရောက်မြန်မာတွေရဲ့ဗီဒီယို

သူတစ်ပါးကို ကူညီလိုစိတ်ရှိကြတဲ့ မြန်မာပြည်သူတွေကတော့ ဒီလိုအချိန်မှာဆိုရင် ဒုက္ခရောက်နေတဲ့သူတွေကို ပိုပြီးအကူအညီပေးနေကြတာ ဖြစ်ပါတယ် ။ စေတနာရှင်ပြည်သူတွေက စစ်ဘေးရှောင်တွေအတွက် အစစ အရာရာကူညီလှူဒါန်းပေးသလို တောထဲကရဲဘော်တွေအတွက်လည်း တတ်နိုင်သလောက် ထောက်ပံ့ပေးနေကြတာ ဖြစ်ပါတယ် ။ အခုလည်း ထိုင်းနိုင်ငံရောက် ‌မြန်မာနိုင်ငံသားတွေက စစ်ရေးလေ့ကျင့်နေတဲ့ သူရဲကောင်းတွေအတွက် လိုအပ်တဲ့ပစ္စည်းတွေကို လှူပေးခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ပြည်ပရောက် ရွှေမြန်မာအဖွဲ့က တော်လှန်ရေး သူရဲကောင်းတွေအတွက် စစ်ဖိနပ်အရံ (၁၀၀)နဲ့အတူ အစားအသောက်တွေပါ လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ် ။ သူတို့ကတော့ ဘာလချောင်ကြော်၊ငါးပိကြော်နဲ့အခြောက်အခြမ်းကြော်တွေကို အိုးအပြည့်ကြော်လှော်ပြီး ပုံးတွေထဲကိုထည့်ကာ ပြင်ဆင်နေကြတာပဲ ဖြစ်ပါတယ် ။ တောထဲမှာ အနေအစားကျပ်တည်းနေတဲ့ ရဲဘော်တွေကို အရသာရှိရှိစားစေချင်တဲ့ စေတနာနဲ့ပြင်ဆင်ထားတဲ့ ပြည်သူတွေရဲ့လက်ရာကတော့ တကယ့်ကို စားချင်စဖွယ်ကောင်းနေတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ထိုင်းရောက် ရွှေမြန်မာတွေကတော့ တော်လှန်ရေးမှာ အခုလိုမျိုး တစ်ဖက်တစ်လမ်းကနေ ပါဝင်အားဖြည့်ပေးနိုင်တဲ့အတွက် ဝမ်းသာပီတိဖြစ်နေကြတာလည်း ဖြစ်ပါတယ် ။ သူရဲကောင်းတွေစားဖို့အတွက် အပင်ပန်းခံပြီး ချက်ပြုတ်ပြင်ဆင်ပေးခဲ့တဲ့ သူတို့အဖွဲ့ကို ပြည်သူတွေကလည်း လေးစားချီးကျူးနေကြတာ ဖြစ်ပါတယ်။ တောထဲကရဲဘော်တွေအတွက် လိုအပ်တာတွေကို လှူဒါန်းဖို့ တက်ညီလက်ညီ ပြင်ဆင်နေကြတဲ့ ထိုင်းရောက်မြန်မာအဖွဲ့ရဲ့Live ဗီဒီယိုကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T