အသက်အရွယ်ကြီးရင့်နေပေမယ့် လူငယ်တွေကို နောက်ထက်အဆုံးအရှုံးမခံနိုင်တော့လို့ အနားမယူဘဲ ဆက်လက်တိုက်ပွဲဝင်သွားမယ့် တော်လှန်ရေးရဲဘော်နှစ်ဦး

//s9.kh1.co/38/38ea6715d0f5b48aaac8035dcc7bc6ca797ac85f.jpeg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

လက်ရှိအခြေအနေတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေရုံသာမက မျိုးဆက်သစ်လူငယ်တွေကလည်း တော်လှန်ရေးတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်..။

တောင်တန်းဒေသတွေမှာ မင်းမဲ့စရိုက်တွေနဲ့ ထင်တိုင်းကြဲနေကြတဲ့ အကြမ်းမှုတွေများစွာပြုလုပ်နေကြတာကြောင့် လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်နေတာလည်း ဖြစ်ပါတယ်..။

Photo Credit
Photo Credit

စစ်ကောင်စီရဲ့ လူမဆန်တဲ့အကြမ်းအပြုအမူ လုပ်ရက်တွေကြောင့် အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနစ်နာခဲ့ကြတဲ့အပြင် အပြစ်မဲ့တဲ့ တိုင်းရင်းသားတွေနဲ့ ပြည်မကပြည်သူတွေအများအပြားဟာ အသက်ဆုံးရှုံးမှုတွေလည်း ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်..။

လတ်တလောမှာလည်း ဆိုးရွားလှတဲ့အခြေအနေကြောင့် မျိုးဆက်သစ်လူငယ်တွေဟာ တောထဲတောင်ထဲမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေကြပြီး စစ်ကောင်စီကို ပြန်လည်ခုခံတိုက်ခိုက်နေကြပေမယ့် လက်နက်အင်အား လူအင်အားမမျှတာတွေကြောင့် ကျဆုံးခဲ့ကြရတာတွေလည်း အများအပြားပါပဲ..။

Photo Credit
Photo Credit

အကြမ်းဖက်မှုတွေကို စက်ဆုတ်ရွံ့ရှာတာကြောင့် အသက်အရွယ်ကြီးရင့်နေပေမယ့် လူငယ်တွေကို နောက်ထက်အဆုံးအရှုံးမခံနိုင်တော့လို့ အနားမယူဘဲဆက်လက်တိုက်ပွဲဝင်သွားမယ့် တိုင်းရင်းသားတော်လှန်ရေး ရဲဘော်နှစ်ဦးကိုလည်း ပြည်သူတွေက ဦးညွှတ်လေးစားနေကြတာ တွေ့ရပါတယ်..။

ခိုင်မာပြတ်သားတဲ့ ခံယူချက်တွေနဲ့ နောက်ဆုံးအချိန်ထိ ပြည်သူတွေအတွက် အနစ်နာခံပေးဆပ်သွားကြမယ့် KNU က ဖိုးဖိုး နဲ့ KIA က ဘဘတို့ရဲ့ လေးစားစရာကောင်းလွန်းတဲ့ စိတ်ထားမြင့်မြတ်မှုတွေကတော့ တကယ်ကိုချီးကျူးလေးစားစရာလည်း ကောင်းလွန်းပါတယ်..။

Photo Credit
Photo Credit
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T