Facebook ပေါ်မှာ စားကောင်းသောက်ဖွယ်တွေမြင်တိုင်း သူတို့စားရတဲ့ ထမင်းကြမ်းနဲ့ခရမ်းကျွတ်သီးကို မျက်လုံးထဲပြန်မြင်ယောင်လာတယ်ဆိုတဲ့ လူငယ်တစ်ဦး

//s9.kh1.co/4d/4dd580fa965c9e1c05724ae1211c02bc5e074643.jpeg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

Facebook ပေါ်မှာ စားကောင်းသောက်ဖွယ်တွေမြင်တိုင်း သူတို့စားရတဲ့ ထမင်းကြမ်းနဲ့ခရမ်းကျွတ်သီးကို မျက်လုံးထဲပြန်မြင်ယောင်လာတယ်ဆိုတဲ့ လူငယ်တစ်ဦး

ပြည်သူလူထုကတော့ တစ်လပြီးတစ်လ ကြာမြင့်နေပြီဖြစ်တဲ့ ဒီအခြေအနေကြီးကို အားတင်းပြီး တောင့်ခံနေကြဆဲဖြစ်ပါတယ်။ဒီကာလမှာ ပျက်ဆီးဆုံးရှုံးမှုတွေလည်းရှိသလို အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေလည်းရှိပါတယ်။လတ်တလောမှာဆိုရင် လူငယ်သူရဲကောင်းတွေက တောထဲမှာ ဒုက္ခဆင်းရဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီးရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့အတွက် စစ်ပညာသင်ယူနေကြတာဖြစ်ပါတယ်။ပြည်သူတိုင်းနီးပါးကလည်း မိမိနိုင်ရာဝန်ကိုထမ်းပြီး အောင်ပွဲခံနိုင်ဖို့အတွက် ကြိုးစားနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်တော့ CDM လုပ်ထားတဲ့ ပြည်သူတစ်ဦးက သူ့ရဲ့ရင်တွင်းခံစားချက်တွေကို ဖွင့်ဟလာတာဖြစ်ပါတယ်။သူတို့မိသားစုက မပြည့်စုံပေမယ့်လည်း CDM စလုပ်တဲ့အချိန်ကတည်းက ဘယ်ထောက်ပံ့ကြေးမှ မယူခဲ့တာဖြစ်ပါတယ်။မချမ်းသာပေမယ့်လည်း သူ့ထက်ပိုခက်ခဲနေတဲ့မိသားစုတွေမပြေလည်မှာစိုးလို့ မယူခဲ့တာဖြစ်ပါတယ်။အဲ့ဒီပြည်သူကတော့ မိသားစုစားဝတ်နေရေးအတွက် ကြာဇံကြော်၊ခေါက်ဆွဲကြော် ရောင်းပြီး ရှာဖွေစားသောက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာ သူ့ရဲ့နာမည်နဲ့ ဖမ်းဝရမ်းအထုတ်ခံရတာကြောင့် လွတ်မြောက်နယ်မြေကိုရောက်ဖို့အတွက် မိခင်ရဲ့ရွှေနားကပ်လေးကို ချွတ်ရောင်းပြီး ခရီးစရိတ်ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လွတ်မြောက်နယ်မြေကို ရောက်တဲ့အခါမှာ လက်နက်ကိုင်ခဲ့ပြီး ဒီမိုကရေစီရရှိဖို့အတွက် ကြိုးစားနေတာဖြစ်ပါတယ်။ဒါပေမယ့် သူ အွန်လိုင်း ခဏသုံးတဲ့အချိန် Facebook ပေါ်မှာ စားကောင်းသောက်ဖွယ်တွေ၊လက်ဆောင်ပစ္စည်းတွေ တွေ့လို့  သူတို့စားခဲ့ရတဲ့ ထမင်းကြမ်းနဲ့ ခရမ်းကျွတ်သီးတွေကို မျက်လုံးထဲပြန်မြင်လာခဲ့တယ်လို့ ဖွင့်ဟလာတာဖြစ်ပါတယ်။မြို့ပေါ်မှာ စည်ကားနေသလို သူတို့ဘက်မှာလည်း စစ်ဘေးရှောင်တွေစည်ကားနေတာဖြစ်ပါတယ်။ပြည်သူတွေကိုပဲ အားကိုးနေရတာကြောင့် သွေးမအေးသွားကြဖို့ တောင်းဆိုလာတဲ့ စာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T