သက်ကြီးရွယ်အိုအဖိုးအဖွားတွေနဲ့ တိရိစ္ဆာန်တွေပါမကျန် မီးထဲပါသွားခဲ့တဲ့ ကင်းမရွာမီး​လောင်မှုရဲ့ အကြွင်းအကျန်ရုပ်အလောင်းများ

//s9.kh1.co/e0/e06e0fe1db9ba20d77bbb9bb96b22f2ca9fd616a.jpeg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

..

မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းရှိ ကင်းမကျေးရွာမှာ ဇွန်လ(၁၅)ရက်နေ့ နေ့လည်ပိုင်းအချိန်ကတည်းက အကြမ်းဖက်စစ်ကောင်စီရဲ့ လူမဆန်လွန်းတဲ့ လုပ်ရပ်တွေကြောင့် တစ်ရွာလုံး မီးလောင်ပြာကျခဲ့ကြရပါတယ်..။

ကင်းမရွာကို ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ကောက်ကျစ်ယုတ်မာလွန်းတဲ့ မီးရှို့ဖျက်စီးမှုတွေကြောင့် တစ်ရွာလုံး မီးလောင်ပြာကျပြီး အိမ်တွေအပြင် လူတွေနဲ့ တိရစ္ဆာတွေပါ အရှင်လက်လက်မီးလောင်တိုက်သွင်းခံခဲ့ကြရပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit

အဆိုပါအကြမ်းဖက် မီးတင်ရှို့ခဲ့မှုမှာ သက်ကြီးရွယ်အို (၃)ဦးကို ကယ်ထုတ်နိုင်ခဲ့ပေမယ့် အဖိုးတသ်​ောာက် အဖွားတစ်ယောက် အဖိုးအဖွား(၂)ဦးကတော့ မီးထဲပါသွားပြီး မီးလောင်သေဆုံးခဲ့ရတဲ့အပြင် ကျွဲ၊ နွား၊ ဆိတ်နဲ့ အခြား အိမ်မွေးတိရိစ္ဆာန်တွေလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်..။

အကြမ်းဖက်စစ်ကောင်စီရဲ့ ပစ်ခတ်မှု​ကြောင့် ကင်းမကျေးရွာမှ ဒေသခံ ရွာသားတစ်ဦးလည်း ပေါင်ကို ကျည်ထိမှန်၍ ဒဏ်ရာရရှိခဲ့သလို ကျည်ထိမှန်သူ ရွာသားရဲ့နေအိမ်မှ ဆိတ်အကောင်ရေ (၉၀) နီးပါးလည်း မီးထဲပါသွားတယ်လို့ သိရပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit

လက်ရှိအချိန်မှာတော့ ကင်းမရွာ ရွာသူရွာသားများမှာ မီးလောင်ပြင်က မိမိတို့ရဲ့နေအိမ်များကို ပြန်ကြည့်ပြီး ရနိုင်သမျှပစ္စည်းတချို့ယူဖို့အတွက် ကြိုးစားကြပေမယ့် ပြာပုံအတိသာ မြင်တွေ့ရတာကြောင့် မျက်ရည်တွေနဲ့ ဝမ်းနည်းနေကြရပါတယ်..။

လတ်တလောမှာ အကြမ်းဖက်စစ်ကောင်စီတပ်များ မရှိတော့ပေမယ့် လုံခြုံစိတ်ချမှုမရှိခြင်း၊ နေစရာအိမ်မရှိတော့ခြင်းတို့ကြောင့် တော်တော်လေး ဒုက္ခရောက်နေရတယ်လို့လည်း ဒေသခံတွေက ပြောပြထားပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Photo Credit
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T