စစ်ကောင်စီကဖွင့်တဲ့ ကျောင်းအရှေ့ကိုသွားပြီး သွေးသစ္စာသီချင်းကို သတ္တိရှိရှိသီဆိုကာ ရဲဝင့်စွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဒေသခံပြည်သူတွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/7e/7eddaff2746bcb23cc5c247697a74883524ed000.jpg
နေ့စဉ်သတင်းများ

 ၁၆-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

စစ်ကောင်စီကဖွင့်တဲ့ ကျောင်းအရှေ့ကိုသွားပြီး သွေးသစ္စာသီချင်းကို သတ္တိရှိရှိသီဆိုကာ ရဲဝင့်စွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ဒေသခံပြည်သူတွေရဲ့ဗီဒီယိုဖိုင်

ဖမ်းဆီးပစ်ခတ်မှုတွေရှိနေပေမယ့်လည်း ပြည်သူတွေကတော့ ရရာနည်းလမ်းနဲ့ အစွမ်းကုန်ကြိုးစားပြီး ဆန္ဒထုတ်ဖော်နေကြဆဲ ဖြစ်ပါတယ် ။ မြို့နယ်အသီးသီးမှာ ပြုလုပ်နေတဲ့ လူထုလှုပ်ရှားမှုပွဲတွေကိုလည်း အခုချိန်အထိတိုင်အောင် နေ့စဥ်နဲ့အမျှ မြင်တွေ့နေရတာ ဖြစ်ပါတယ် ။ ယနေ့ ဇွန်လ (၁၆)ရက်နေ့မှာဆိုရင်လည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဟောင်ပါးကျေးရွာမှာ ဒေသခံတွေအမြောက်အမြားစုဝေးပြ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-"တာမခန် နွေဦးတော်လှန်ရေး" FB Page

ဟောင်ပါးကျေးရွာအပါအဝင် တာမခန်မြို့သစ်၊ ဟွေဆိုင်းကျေးရွာ၊ နမ့်ပါဟုတ်ရှိ ပြည်သူတွေက အတူပူးပေါင်းပြီး စစ်ကောင်စီလက်အောက်မှာဖွင့်နေတဲ့ ဟောင်ပါးအထက်တန်းကျောင်းကို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ် ။ ပြည်သူတွေက တစုတဝေးတည်း ချီတက်လာပြီး ကျောင်းအရှေ့မှာ နေရာယူကာ ကျောင်းတက်နေတဲ့ဆရာ၊ဆရာမတွေနဲ့ ကျောင်းသူ၊ကျောင်းသားတွေသိအောင် ကြွေးကြော်ခဲ့ကြတာ ဖြစ်ပါတယ် ။ ဒီဆန္ဒပြပွဲမှာတော့ အမျိုးသားတွေ၊အမျိုးသမီးတွေအပြင် ကလေးငယ်တွေလည်း ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-"တာမခန် နွေဦးတော်လှန်ရေး" FB Page
Photo Credit-"တာမခန် နွေဦးတော်လှန်ရေး" FB Page
Photo Credit-"တာမခန် နွေဦးတော်လှန်ရေး" FB Page
Photo Credit-"တာမခန် နွေဦးတော်လှန်ရေး" FB Page
Photo Credit-"တာမခန် နွေဦးတော်လှန်ရေး" FB Page
Photo Credit-"တာမခန် နွေဦးတော်လှန်ရေး" FB Page

ဒေသခံပြည်သူတွေကတော့ သွေးသစ္စာသီချင်းကို အားမာန်အပြည့်နဲ့ သီဆိုကာ ရဲရဲဝင့်ဝင့် ဆန္ဒထုတ်ဖော်ခဲ့ကြတာလည်း ဖြစ်ပါတယ် ။ ဘင်ခရာတီးဝိုင်းနဲ့အတူ သံချပ်တွေကို ကြွေးကြော်နေတဲ့ ပြည်သူတွေရဲ့အသံကလည်း တကယ့်ကို ကြက်သီးထစရာကောင်းလောက်တာပဲ ဖြစ်ပါတယ် ။ ကျွန်ပညာရေးစနစ်အလိုမရှိဆိုပြီး ဟောင်ပါးကျောင်းအရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေရဲ့ဗီဒီယိုကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-"တာမခန် နွေဦးတော်လှန်ရေး" FB Page

Photo Credit-"တာမခန် နွေဦးတော်လှန်ရေး" FB Page
Photo Credit-"တာမခန် နွေဦးတော်လှန်ရေး" FB Page
Photo Credit-"တာမခန် နွေဦးတော်လှန်ရေး" FB Page
Photo Credit-"တာမခန် နွေဦးတော်လှန်ရေး" FB Page
Photo Credit-"တာမခန် နွေဦးတော်လှန်ရေး" FB Page
Photo Credit-"တာမခန် နွေဦးတော်လှန်ရေး" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T