မိန်းမဆေးဖိုးအတွက် ချေးထားတဲ့အကြွေးတွေကို ၂၄ နှစ်ကြာတဲ့အထိ မကျေမချင်းဆပ်ခဲ့တဲ့ အမျိုးသား

//s9.kh1.co/ef/ef38550cc13b36ab7f67a822fb09d0ba922c7474.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.


ပရိသတ်တွေအတွက် တရုတ်နိုင်ငံက Mr Guanghan လို့ခေါ်တဲ့ လေးစားစရာလူတစ်ယောက် အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
Mr Guanghan ဟာ ရိုးရိုး သာမန်လယ်သမားတစ်ဦးဖြစ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ခဲ့ပေမယ့် တစ်နေ့မှာတော့ ကံဆိုးမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။သူ့ရဲ့ဇနီးဖြစ်သူဟာ လယ်ထွန်စက်နှစ်စီးတိုက်မိရာကနေ ပြုတ်ကျခဲ့ပြီး ကျောက်ဆောင်နဲ့ပါတိုက်မိကာ ပြင်းထန်တဲ့ဝေဒနာတွေကို ခံစားခဲ့ရပါတယ်။

https://s9.kh1.co/__image/w=644,h=436,q=100/8f/8f0f0c3271afa0a18d6ef5fa55c54a0dcc456d54.jpg

အဲ့တာကြောင့်ပဲ Mr Guanghan ဟာ ဇနီးဖြစ်သူကို ဆေးရုံပို့ခဲ့ပြီးနောက် ကုသဖို့အတွက် ဆေးစရိတ်အနေနဲ့ ဒေါ်လာ ၁၁၀၀၀ လောက်လိုအပ်ခဲ့ပါတယ်။
Mr Guanghan အနေနဲ့လည်း ဒီငွေကိုမတတ်နိုင်တဲ့အတွက် အိမ်နီးချင်းတွေဆီကနေ နည်းနည်းစီ လိုက်ချေးခဲ့ပြီး အိမ် ၁၀၀ ကျော်လောက်ဆီက ချေးပီးသွားတဲ့အချိန်မှာ လိုအပ်တဲ့ငွေပမာဏကိုရရှိခဲ့ပါတယ်။
ငွေချေးတဲ့နေရာမှာလည်း Mr Guanghan ဟာ စာအုပ်တစ်အုပ်နဲ့ ဘယ်အိမ်က ဘယ်လောက်ချေးခဲ့တယ်ဆိုတာကို သေသေချာချာမှတ်ထားခဲ့ပြီး မဖြစ်မနေပြန်ဆပ်မယ်လို့လည်း ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=540,h=365,q=100/aa/aa6cbeaf7dac3bbe17272f8c946aaf08c8297549.jpg

အဲ့ဒီနောက် မိန်းမဖြစ်သူရဲ့ဝေဒနာကို ကုပေးပြီးတဲ့နောက်မှာတော့ Mr Guanghan ဟာ ငွေကိုချွေတာသုံးစွဲပြီး အကြွေးတွေကို တစ်ယောက်ချင်းစီ လိုက်ဆပ်ခဲ့ပါတယ်။
၂၄ နှစ်လောက်ကြာတဲ့အချိန်မှာတော့ Mr Guanghan ဟာအကြွေးတွေကို တစ်ပြားမှမကျန်အောင်ဆပ်နိုင်ခဲ့ပြီး သူပေးခဲ့တဲ့ ကတိကို တည်နိုင်ခဲ့ပါတယ်။
ယုံကြည်လို့ ငွေချေးပေးခဲ့တဲ့သူတွေကို အလေးထားပြီး ရိုသားလှတဲ့စိတ်ရင်းလေးနဲ့ နှစ်တွေအကြာကြီး ကြိုးစားပြီး ပြန်ဆပ်ခဲ့တဲ့ Mr Guanghan ရဲ့စိတ်ဓာတ်လေးကတော့ တကယ့်ကို လေးစားစရာပါပဲ။

Mr Guanghan ဟာအင်မတန်ရိုးသားပြီး စိတ်ထားပြည့်ဝတဲ့သူတစ်ယောက်ဖြစ်တာကြောင့်ပရိသတ်တွေအတွက် သူ့အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=436,q=100/17/17adb486681dff1f03ff9b747e419df4433f11c1.jpg

သတင်း အရင်းအမြစ်Metro

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T