သေခြင်းတရားကို အကြိမ်ကြိမ် လှည့်စားခဲ့တဲ့ ကမ္ဘာ့ကံအကောင်းဆုံးလူသား သို့မဟုတ် ကမ္ဘာ့ကံအဆိုးဆုံးလူသား

//s9.kh1.co/15/151badee9ca0b9c2e93ec83e0dabf420f50f740d.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာ ကံနဲ့ပတ်သတ်ရင် ကံကောင်းတဲ့သူနဲ့ ကံဆိုးတဲ့သူဆိုပြီး ရှိပေမယ့် ခုဖော်ပြတဲ့သူကတော့ သင့်ရဲ့အမြင်ပေါ်မူတည်ပြီး ကွဲပြားသွားနိုင်ပါတယ်။ ထိုသူနာမည်ကတော့ Frane Selak ပဲဖြစ်ပြီး သူဟာ ရထားမှောက်မှု၊ လေယာဉ်ပျက်ကျမှုနဲ့ ကားတိုက်မှုတွေမှာ အသက်ရှင်ကျန်ခဲ့တယ်လို့ ပြောပြဖူးပါတယ်။ ဒီကိစ္စတွေဟာ သူ့အတွက် အစပဲရှိသေးပြီး တခြားသော မသေဆုံးပဲ အသက်ရှင်ကျန်ခဲ့တဲ့ ကိစ္စပေါင်းများစွာလည်း ရှိပါသေးတယ်။ Franeဟာ 1929 မှာမွေးဖွားခဲ့သူဖြစ်ပြီး သူရဲ့မတော်တဆမှုတွေကတော့ 1962မှာစတင်ခဲ့ပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

ပထမဆုံးကတော့ Sarajevo ကနေ Dubrovnik တို့သွားနေတဲ့ ရထားဟာ မတော်တဆဖြစ်ပြီး မြစ်ထဲကုိ ထိုးကျခဲ့ပါတယ်။ ခရီးသည် ၁၇ယောက် သေဆုံးခဲ့ပြီး သူ့အနေနဲ့ လက်ကျိုးခဲ့ယုံတာ ရှိခဲ့တယ်လို့ပြောပြခဲ့ပါတယ်။ နောက်နှစ်မှာတော့ သူဟာ Zagreb ကနေ Rijeka သို့လေယာဉ်နဲ့ခရီးသွားနေချိန်မှာ မတော်တဆမှုဖြစ်ခဲ့ပြီး ခရီးသည် ၁၉ယောက်သေဆုံးခဲ့ပေမယ့် သူ့ကိုတော့ ကောက်ရိုးပုံမှာတွေခဲ့ရပါတယ်။ သူနိုးလာတဲ့အချိန်မှာ ဆေးရုံးရောက်နေပြီးဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ 1996 ခုနှစ်မှတော့ သူစီးလားတဲ့ Bus ကားဟာ မတော်တဆမှုကြောင့် ရေထဲတို့ ပြုတ်ကျခဲ့ပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload

ထိခိုက်ဒဏ်ရာရမှု လေးခုရှိခဲ့ပေမယ့်လည်း သူ့အနေနဲ့ အသက်ရှည်နေခဲ့ပြန်ပါတယ်။ 1970နှစ်မတိုင်ခင် နှစ်အနည်းငယ်မှာ သူဟာကားဆီဖြည့်နေတုန်း ပေါက်ကွဲမှု ဖြစ်ခဲ့ပေမယ့် အသက်ရှည်နေပြန်ပါတယ်။ 1973ခုနှစ်မှာလည်း လောင်စာဆီစုပ်စက်က ချို့ယွင်းကာ သူရဲ့ ကားကိုဓာတ်ဆီများယိုစေခဲ့ပြီးနောက် မတော်တဆမှုဖြစ်ကာ ပေါက်ကွဲမှုထပ်ဖြစ်ပေမယ့် အသက်ရှင်ပြန်ခဲ့ပါသေးတယ်။ 1995 ခုနှစ်မှာလည်း ကားတိုက်မှုဖြစ်ခဲ့ပေမယ့် အသက်ရှည်နေခဲ့ပြီး နောက်ဆုံး ၇ကြိမ်မြောက်မှတော့ သူဟာ တောင်ပေါ်လမ်းကို မောင်းနေချိန် ကုန်တင်ကားတစ်စီးနဲ့ ထိပ်တိုက် တိုက်မိတဲ့အချိန်မှာတော့ သေဆုံးခဲ့ပါတယ်။ အဲ့မတိုင်ခင် 2003ခုနှစ် သူ့အသက် 73နှစ်ပြည့်ပြီး နောက်နှစ်ရက်မှာ ဒေါ်လာ 1.1 Million ထီပေါက်ခဲ့ပါသေးတယ်။ ဒီလိုမတော်တဆမှုတွေများစွာဖြစ်ခဲ့တာကြောင့် သူဟာ ကံဆိုးခဲ့ပေမယ့် အကြိမ်ကြိမ်အသက်ရှည်ခဲ့တာကြောင့် ကံကောင်းခဲ့သူလား ဆိုတာ သင့်အမြင်ပေါ်မှာ မူတည်ပြီး ပြောပြခဲ့ပါအုန်း။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

သတင်း အရင်းအမြစ်Ripley's

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T