သမိုင်းတွေထဲက ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်ခဲ့တဲ့ Revolution (အပိုင်း - ၁)

//s9.kh1.co/b2/b2a7228b24c92367afe8390e9227abb83e27ab57.jpg
ဗဟုသုတအဖြာဖြာ

 ၂၀-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

တော်လှန်ရေးဆိုသည်မှာ အာဏာ သို့မဟုတ် အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းပုံကို အခြေခံကျကျ ပြောင်းလဲပေးနိုင်တဲ့ အချိန်အတိုင်းအတာတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ ကမ္ဘာ့သမိုင်းထဲမှာလည်း တော်လှန်ရေးများစွာ ရှိခဲ့ပြီး တချို့‌ေသာ တော်လှန်ရေးတွေကတော့ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ပါတယ်။ အဲ့လိုပြောင်းလဲစေခဲ့တဲ့ တော်လှန်ရေး ၁၀ ခုထဲကမှ ၅ ခုကိုအရင်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁၀.Iranian Revolution

Photo Credit-Listly
Photo Credit-Listly

အီရန်တော်လှန်ရေးသည် အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးတဲ့ Mohammad Reza Shah Pahlavi လက်အောက်ရှိ Pahlavi မင်းဆက်ကိုဖြုတ်ချခြင်းနှင့် Grand Ayatollah Ruhollah Khomeini လက်အောက်ရှိ အမျိုးသားသမ္မတနိုင်ငံကုိ အစားထိုးခြင်းတို့ ပါဝင်တဲ့ အဖြစ်အပျက်များကိုရည်ညွှန်းပါတယ်။ Grand Ayatollah Ruhollah Khomeini ကိုအစ္စလာမ့်အဖွဲ့အစည်းများနှင့်အီရန်ကျောင်းသားများက ထောက်ခံအားပေးခဲ့ပါတယ်။

၉.American Revolution

Photo Credit-Listly
Photo Credit-Listly

အမေရိကန်တော်လှန်ရေးသည် ၁၇၆၅ မှ ၁၇၈၃ အတွင်းဖြစ်ပွားခဲ့သောနိုင်ငံရေးလှုပ်ရှားမှုဖြစ်ပြီး ဗြိတိသှျကိုလိုနီလက်‌ေအာက်ခံ အမေရိကန်ပြည်နယ် ၁၃ ခုက ဗြိတိသျှဘုရင်စနစ်နှင့်မင်းမျိုးအနွယ်ဝင်ကိုငြင်းပယ်ခဲ့ပြီး ဂရိတ်ဗြိတိန်၏အာဏာကိုဖြုတ်ချကာ အမေရိကန်ပြည်ထောင်စုကိုတည်ထောင်ခဲ့ပါတယ်။ ဒါကြောင့်ပဲအမေရိကန်ပြည်ထောင်စုကြီးပေါ်ထွက်လာတာပါ။

၈.Haitian Revolution

Photo Credit-Listly
Photo Credit-Listly

၁၇၉၁ မှ ၁၈၀၄ အထိကြာမြင့်သောပြင်သစ်ကိုလိုနီ Saint Saint Domingue တွင်ဖြစ်ပွားခဲ့သော Haitian တော်လှန်ရေးသည် ကျွန်စနစ်ဆန့်ကျင်ရေးနှင့် ကိုလိုနီဆန့်ကျင်ရေး ပုန်ကန်မှုတစ်ခုဖြစ်ပြီး အောင်မြင်ခဲ့ပါတယ်။ ထိုတော်လှန်ရေးကြောင့် အမေရိကန်ကျွန်စနစ်ကိုထိခိုက်ခဲ့ပြီး နောက်ပိုင်းမှာ ကျွန်စနစ်ကြီးဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။

၇.Young Turk Revolution

Photo Credit-Listly
Photo Credit-Listly

အော်တိုမန်အင်ပါယာ၏လူငယ်တူရကီ တော်လှန်ရေး (ဇူလိုင် ၁၉၀၈) သည် ၁၈၇၆ ခုနှစ်တွင် Ottoman ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်ထူထောင်ခြင်းနှင့် အော့တိုမန်ပါလီမန်အောက်ရှိ ပါတ‌ီစုံကို အဆင့်ဆင့်ရွေးကောက်တင်မြှောက်ပုံစနစ်ပဲဖြစ်ပါတယ်။ အစောပိုင်းဆယ်စုနှစ် ၃ ခုကျော် ၁၈၇၆ တွင် Sultan Abdul Hamid II သည် ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဘုရင်စနစ်ကို တည်ထောင်ခဲ့ပေမယ့် ၂ နှစ်သာကြာခဲ့ပါတယ်။ ၁၉၀၈ ခုနှစ်ဇူလိုင်လ ၂၄ ရက်နေ့မှာ‌ေတာ့ Sultan Abdul Hamid II သည် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ကို ကြေငြာခဲ့ပြီး ဒုတိယ ဖွဲ့စည်းပုံအခြေခံဥပဒေ‌ေခတ်ကို တည်ထောင်ခဲ့ပါတယ်။

၆.Taiping Rebellion

Photo Credit-Listly
Photo Credit-Listly

Taiping ပုန်ကန်မှု သို့မဟုတ် Taiping ပြည်တွင်းစစ်သည်တရုတ်နိုင်ငံတွင် ၁၈၅၀ မှ ၁၈၆၄ အထိဖြစ်ပွားခဲ့သောကြီးမားသောပုန်ကန်မှု (သို့) ပြည်တွင်းစစ်ဖြစ်ပါတယ်။ Taiping ဆိုသည်မှာ ထိုအရေးတွင်ပါ၀င်သောသူများကိုဆိုလိုပါတယ်။ ထိုစစ်သည် Qing မင်းဆက်နှင့် Taiping Heavenly Kingdom တို့အပြင်အထန်တိုက်ခိုက်ကျတဲ့ စစ်ပဲွဖြစ်ပြီး လူပေါင်း သန်း ၃၀ ကနေ သန်း၅၀ ကျော်ထိ သေဆုံးခဲ့ကြရပါတယ်။ Taiping Rebellion သည်အနောက်တောင်ပိုင်းပြည်နယ် Guangxi ဒေသ တွင်စတင်ခဲ့ပြီး အကြောင်းရင်းမှာ ဒေသဆိုင်ရာအာဏာပိုင်များက ဟောင်ကျူခန်(Hong Xiuquan) ဦးဆောင်သောဘုရားသခင်ကို ကိုးကွယ်သောလူ့အဖွဲ့အစည်းဟု လူသိများတဲ့ ခရစ်ယာန်ဂိုဏ်းတစ်ခုအား နှိပ်စက်ညှဉ်းပန်းမှုကြောင့်ပဲဖြစ်ပါတယ်။ Hong Xiuquan ဆိုသူမှာ မိမိကိုယ်ကို ဘုရားသခင်ရဲ့ညီလို ယုံကြည်နေသူလည်းဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Listly

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T