ကမ္ဘာပေါ်မှာ ထူးထူးဆန်းဆန်း ပိုက်ဆံရှာလို့ရတဲ့ နည်းလမ်းများ (အပိုင်း - ၁)

//s9.kh1.co/c1/c124ba70ee94061054b32f360a3cca8a45bfc92e.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာဆိုရင် ပိုက်ဆံရှာနည်းတွေများစွာရှိကြပါတယ်။ တချို့ကြတော့အလုပ်ကြိုးစားပြီး တချို့ကြတော့ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ပိုက်ဆံရှာတက်ကြပါတယ်။ ခုပြောပြမယ့်ပိုက်ဆံရှာနည်းကတော့ ကမ္ဘာပေါ်မှာ ထူးထူးဆန်ဆန် ပိုက်ဆံရှာကြတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

သူငယ်ချင်းအဖြစ်နေပေးခြင်းဖြင့် ပိုက်ဆံရှာနည်း

Photo Credit-Orginal Upload
Photo Credit-Orginal Upload

သင့်အနေနဲ့ မသိတဲ့ လူတစ်ယောက်ကို သူငယ်ချင်းအဖြစ်နေပေးနိုင်မလား။ အဲ့လူနဲ့အတူ ရုပ်ရှင်ကြည့်ခြင်း မုန့်အတူတူစားပေးခြင်း နဲ့ အတူတူသောက်ပေးရုံနဲ့ ပိုက်ဆံရမယ်လို့တွေးဖူးပါသလား။ တချို့သောနေရာဒေသတွေမှာ အခုလို သူငယ်ချင်းအဖြစ်နေပေးရုံနဲ့ ပိုက်ဆံရှာလို့ရပါတယ်။ ပုံမှန်အားဖြင့် အဲ့အလုပ်လုပ်တဲ့သူတွေကဈ သူတို့ရဲ့ Service အတွက် တစ်နာရီကို $10 ကျပါတယ်။

ဂိမ်းကစားခြင်း

Photo Credit-Orginal Upload
Photo Credit-Orginal Upload

ဂိမ်းကစားခြင်းဖြင့် ပိုက်ဆံရှာလို့ရတဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ နည်းလမ်းတွေအကုန်လုံးက အပို၀င်ငွေရရှိနိုင်သလို တချို့သူတွေအတွက်တော့ Full-Time ရရှိနိုင်ပါတယ်။ Gaming Blog တွေလုပ်ပြီး အပို၀င်ငွေရရှိနိုင်ပါတယ်။ ကြော်ငြာတွေလည်းထည့်နိုင်ပြီး လူတွေစိတ်၀င်စားမှု‌တာရခဲ့ရင် သင့်အနေနဲ့ ပိုက်ဆံစရှာလို့ရပါပြီ။ Video တွေကိုလည်း YouTubeတို့ Twitchတို့မှာ တင်ပြီး ပိုက်ဆံရှာနိုင်ပါတယ်။ တကယ်လို့များ သင့်အနေနဲ့ကွန်ပျူတာဂိမ်းတွေနဲ့ ပိုက်ဆံရှာဖို့ခက်ခဲရင် ပျှမ်းမျအားဖြင့် ‌ဒေါ်လာ ၁၆၀၀၀ကြားပေးမယ့် Game Tester အလုပ်ကို ရှာလို့ရပါသေးတယ်။ E-Sports ပြိုင်ပွဲတွေမှာတော့ ပိုက်ဆံတော်တော်များများရရှိနိုင်ပေမယ့် သင့်အနေနဲ့ အနိုင်ရရှိဖို့လိုပါတယ်။

လေရောင်းခြင်း

Photo Credit-Orginal Upload
Photo Credit-Orginal Upload

ယနေ့အချိန်အခါမှာတော့ ကမ္ဘာကြီးဟာ သန့်စင်တဲ့လေကိုရရှိဖို့ ခတ်ခဲသွားပါပြီ။ ယနေ့လူသားတွေရှူနေကြတဲ့ လေဟာလည်း မသန့်စင်သလို အများကြီး အန္တရာယ်မပေးရုံတမန်ပါပဲ။ ဒါကြောင့် တချို့နေရာဒေသတွေမှာ လေကို‌သန့်စင်ပြီး ရောင်းတက်ကြပါတယ်။ ဒါကြောင့် လေထည့်တဲ့ သေတ္တာဘူးပေါ်မူတည်ပြီး ဒေါ်လာ ၁၄မှ ၂၀ထိကျသင့်ပါတယ်။ လူသားတွေပိုက်ဆံရှာနည်းကတော့ အံမခန်းပါပဲ။

မိခင်နို့ရည်ရောင်းခြင်း

Photo Credit-Orginal Upload
Photo Credit-Orginal Upload

ဟုတ်ပါတယ်...မိခင်‌ေတွ သူတို့ရဲ့နို့ရည်ကိုရောင်းတဲ့အလုပ်ဟာ အချိန်ကြာနေပြီဖြစ်ပြီး နှစ်ဦးနှစ်ဖက်အပြန်အလှန် အမြတ်အစွန်းရတဲ့ လုပ်ငန်းပဲဖြစ်ပါတယ်။ မိခင်တွေအနေနဲ့ UK Milk Bank တွေ မှာလည်း လှူလို့ရသလို Online ပေါ်မှာလည်း ရောင်းလို့ရပါတယ်။ နို့လေးအောင်စဘူးကို ၁၅ဒေါ်လာ ရရှိနိုင်ပြီး ခုလိုနို့ရောင်းခြင်းဖြင့်လည်း ပိုက်ဆံတော်တော်များများ ရရှိနိုင်ပါတယ်။

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T