ကမ္ဘာပေါ်မှာ ထူးထူးဆန်းဆန်း ပိုက်ဆံရှာလို့ရတဲ့ နည်းလမ်းများ (အပိုင်း - ၂)

//s9.kh1.co/86/8647691eab71611349f259686bff1cf51fcf7548.jpg
ဗဟုသုတအဖြာဖြာ

 ၂၁-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ပထမပိုင်းမှာဆိုရင်တော့ ပိုက်ဆံကို သူငယ်ချင်းအဖြစ်လုပ်ပေးခြင်း၊ ဂိမ်းဆော့ခြင်း၊ လေရောင်းခြင်းနဲ့ မိခင်နို့ရည် ရောင်းခြင်းဖြင့် ပိုက်ဆံရရှိနိုင်တယ်ဆိုတာကို ဖတ်ပြီးတဲ့သူတွေလည်း သိရှိပြီးကြမှာဖြစ်ပါတယ်။ ခုဒီတစ်ခေါက်မှာရော ဘယ်လိုနည်းတွေနဲ့ ပိုက်ဆံရှာလို့ရလည်းဆိုတာ အောက်မှာ ဆက်လက်ဖော်ပြလိုက်ပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

အိပ်စက်ခြင်းဖြင့် ပိုက်ဆံရှာခြင်း

Photo Credit-Orginal Upload
Photo Credit-Orginal Upload

ဘာမှမလုပ်ပဲ အိပ်စက်ရုံနဲ့ ပိုက်ဆံရမယ်ဆိုတဲ့ နည်းလမ်းကတော့ စိတ်၀င်စားဖွယ်ရာပါပဲ။ အဲ့လိုပိုက်ဆံရှာတဲ့သူတွေကို Bed Tester တွေလိုသိရှိကြပြီး သူတို့အနေနဲ့ လူတွေကောင်းကောင်း အိပ်ပျော်လို့ရအောင် အိပ်စက်ခြင်းနဲ့ပတ်သတ်သမျှတွေကို လိုက်စမ်းသပ်ကြရတာပဲဖြစ်ပါတယ်။ ခေါင်းအုံး၊စောင်၊ မွေ့ယား အစရှိသဖြင့် အိပ်စက်ခြင်းနဲ့ပတ်သတ်တဲ့ ပစ္စ‌ည်းတွေအကုန်လုံးကို အိပ်စက်ပြီး သူတို့ရဲ့အတွေ့အကြုံပေါ်မူတည်ပြီး ကောင်းမကောင်း သတ်မှတ်ရပါတယ်။ အချိန်ပြည့် Bed Testerအလုပ်ကတော့ ခတ်ခဲပါတယ်။ ဘာကြောင့်လည်းဆိုတော့ အချိန်ပြည့်အိပ်စက်နေမယ်ဆို လူတစ်ယောက်အတွက် ကျန်းမာရေးထိခိုက်နိုင်တာမို့ Part-time ပဲကောင်းပါတယ်။

အရသာမြည်းပေးခြင်းဖြင့် ပိုက်ဆံရှာခြင်း

Photo Credit-Orginal Upload
Photo Credit-Orginal Upload

ဒီအလုပ်ကတော့ အစားအသောက်အသစ်တွေကို အရသာရှိမရှိ မြည်းပေးရတာပဲဖြစ်ပါတယ်။ ပိုက်ဆံရရှိပုံကတော့ Bed Tester တွေရရှိပုံနဲ့မတူပါဘူး။ အရသာမြည်းတဲ့အလုပ်ဟာလည်း ထင်သလို မလွယ်တဲ့ အလုပ်တစ်ခုဖြစ်ပြီး ဒေါ်လာ၂၀ကနေ ၈၀ထိရရှိနိုင်ပါတယ်။

လူမစင်ရောင်းခြင်း

Photo Credit-Orginal Upload
Photo Credit-Orginal Upload

မည်သည့်လူတိုင်းတွင်မဆို Clostridium difficile ဆိုတဲ့ Bacteria ရှိတက်ပြီး သေစေနိုင်တာကြောင့် အမေရိကန်ပြည်ထောင်စုမှာ တစ်နှစ်ကို လူ ၁၅၀၀၀ လောက်သေဆုံးလေ့ရှိပါတယ်။ ထိုအခြေအနေကို ကုသရန် မစင်များကို လှူဒါန်းနိုင်ပါတယ်။ ကျန်းမာတဲ့လူတစ်ယောက်ရဲ့မစင်က Clostridium difficile တွေကို ပတ်၀န်းကျင်ကနေဖယ်ရှားပေးနိုင်ပါတယ်။ 2015 ခုနှစ်တုန်းက Massachusetts Institute of Technology (MIT) ရဲ့ Researcher တွေဟာသူတို့ရဲ့မစင်တွေကိုရောင်းခြင်းဖြင့် ဒေါ်လာ၁၀၀၀ ရရှိခဲ့ပါတယ်။ ဒါပေမယ့် လူတိုင်း‌ေတာ့ OpenBiome project မှာပါ၀င်ဖို့အတွက် မစင်တွေကိုလှူလို့မရပါဘူး။ သူတို့စစ်တဲ့ကျန်းမာရေးအခြေအနေကို အောင်မှ လှူတန်းလို့ရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ရောဂါကူးစက်နိုင်တ‌ဲ့နေရာကို သွားလို့မရသလို ဆီးချိုလည်းရှိလို့မရပါဘူး။ ခုဖော်ပြသွားတဲ့ ပိုက်ဆံရှာတဲ့နည်းတွေကတော့ ကမ္ဘာပေါ်မှာ ထူးထူးဆန်းဆန်း ပိုက်ဆံရှာလို့ရတဲ့ နည်းတွေပဲဖြစ်ပါတယ်။

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T