ဆိုင်ကယ်မောင်းနေစဉ် ကားနဲ့အတိုက်ခံရတာကြောင့် (၁)နှစ်ကျော်အရွယ်ကလေး သေဆုံးခဲ့တဲ့အပြင် ဖခင်ဖြစ်သူမှာ အမှုဖွင့်ဖမ်းဆီးခံရ

//s9.kh1.co/b3/b363ebe00e43977c4a35ff5319c53c511d9f4619.jpeg
နေ့စဉ်သတင်းများ

 ၂၂-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ရက်ပိုင်းက ကျိုင်းတုံမြို့မှာ မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီးကို စစ်ကောင်စီအဖွဲ့ဝင်တွေက ကားဖြင့် တိုက်ဖမ်းမှုကြောင့်အသက်(၁)နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ဖခင်ဖြစ်သူမှာ အမှုဖွင့်ဖမ်းဆီးခံထားရပါတယ်..။

ဇွန်လ(၁၉)ရက်နေ့ ညပိုင်း စစ်ဆေးမှုတွင် ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့ဟာမြို့အတွင်းသို့ ကား(၃)စီးဖြင့် လှည့်လည် စစ်ဆေးနေစဉ်ရပ်ကွက်(၅)၊  ဆူးဖူးမားရပ်တွင် ကလေးငယ်အား လက်တစ်ဖက်က ချီထားပြီး ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားတစ်ဦးကို တွေ့၍တားမြစ်ရာ မရပ်ပေးလို့ဆိုပြီး ကားဖြင့် လိုက်ဖမ်းခဲ့တာ ဖြစ်ပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit

အရှိန်ပြင်းလွန်းတဲ့ ကားတိုက်မှုကြောင့် ဆိုင်ကယ်ပေါ်က လွင့်စင်သွားပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက်(၃၀)ဝန်းကျင်ရှိ အမျိုးသားဖြစ်တဲ့ကိုသန်းစိုးအောင်ဟာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး အတူပါလာတဲ့ အသက်(၁)နှစ်(၆)လဝန်းကျင်ရှိ သမီးဖြစ်သူ မမိုးသန္တာအောင်မှာ ဦးခေါင်းနှင့်ပေါင်တို့တွင် ဒဏ်ရာရရှိပြီး စိုးရိမ်ရသည့်အတွက် ဆေးရုံသို့ပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားခဲ့ရပါတယ်..။

ဖခင်ဖြစ်သူမှာ ကားတိုက်ခံရလို့ သေဆုံးသွားတဲ့ သမီးဖြစ်သူရဲ့ နောက်ဆုံးဈာပနကို လိုက်ပါပို့ဆောင်သဂြိုလ်ခွင့်ရလိုက်ပေမယ့် ပြန်လည်အမှုဖွင့်ခံထားရလို့ ရဲစခန်းမှာဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း သိရပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit

ဆိုင်ကယ်ကို လိုက်ဖမ်းရာမှာ ပထမကားတစ်စီးကို ရှောင်လိုက်နိုင်သော်လည်း အနောက်ကဝင်တိုက်သည့်အတွက် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပေမယ့် ဆိုင်ကယ်မောင်းလာသူက ထွေအုပ်ရဲ့ ကားကို ဝင်တိုက်၍ တိမ်းမှောက်ခြင်း ဖြစ်သည်ဟုဆိုကာ အမှုဖွင့်ထားတယ်လို့လည်း နီးစပ်သူတွေက ပြောပြလာပါတယ်..

ကားနဲ့ တိုက်ခံရတာကြောင့် သမီးဖြစ်သူရဲ့ အသက်ပါ ဆုံးရှုံးလိုက်ရတဲ့အတွက် ရင်နင့်အောင်ခံစားနေရတဲ့အပြင် အမှုဖွင့်ပြီး ချုပ်နှောင်ဖမ်းဆီးခံထားရတဲ့ ဖခင်ဖြစ်သူရဲ့ ရင်ထဲ သောကအပူမီးတွေကတော့ တကယ်ကို ​ကြေကွဲစရာကောင်းလွန်းပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T