မကြာသေးခင်ရက်ပိုင်းလောက်က ဖြစ်သွားခဲ့တဲ့ ရေမွန်နဲ့ပတ်သက်တဲ့ အမှတ်တရတစ်ခုကို ဝမ်းနည်းစွာနဲ့ပြောပြရင်း စိတ်မကောင်းဖြစ်နေတဲ့ နီနီခင်ဇော်

//s9.kh1.co/12/129274a5f835c904a1eefbdc9056542a1f83736a.jpg
အနုပညာရှင်များ

 ၂၃-ဇွန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မကြာသေးခင်ရက်ပိုင်းလောက်က ဖြစ်သွားခဲ့တဲ့ ရေမွန်နဲ့ပတ်သက်တဲ့ အမှတ်တရတစ်ခုကို ဝမ်းနည်းစွာနဲ့ပြောပြရင်း စိတ်မကောင်းဖြစ်နေတဲ့ နီနီခင်ဇော်

ယနေ့ဇွန်လ(၂၃)ရက်နေ့ကတော့ အနုပညာရှင်အသိုင်းအဝိုင်းနဲ့ အနုပညာချစ်ပရိသတ်တွေအတွက် အလွန်အံ့အားသင့်ပြီး ဝမ်းနည်းကြေကွဲရတဲ့ နေ့တစ်နေ့ပဲဖြစ်ပါတယ်။ အကြောင်းကတော့ ပရိသတ်ရင်ထဲရောက်စေခဲ့တဲ့ သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့တဲ့ အဆိုတော်ရေမွန်တစ်ယောက် ရုတ်တရက်ဆုံးပါးသွားခဲ့တာဖြစ်ပြီး ပရိသတ်တွေက ယူကျုံးမရဖြစ်ကာ ဝမ်းနည်းနေခဲ့တာပဲဖြစ်ပါတယ်။ အဆိုတော်ရေမွန်ဟာ တောထဲမှာတိမ်းရှောင်နေရင်း အခုလိုဆုံးပါးသွားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

" ဘာလိုသေးလဲ ၊ စိတ်ဖြောင့်​ဖြောင့်နဲ့သာချန်ခဲ့၊ ဝမ်းနည်းတတ်တဲ့ ချစ်သူ "စတဲ့သီချင်းတွေအပြင် နာမည်ကြီးသီချင်းတွေများစွာကို သီဆိုခဲ့တဲ့ အဆိုတော်ရေမွန်ဟာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ အဆိုတော်ရေမွန်ဟာ ပြီးခဲ့တဲ့အမေစုရဲ့ မွေးနေ့မှာလည်း ပန်းသပိတ်ဆင်နွှဲပြီး အမေစုကို မွေးနေ့ဆုတောင်းပေးခဲ့သေးတာပဲဖြစ်ပါတယ်။ နီနီခင်ဇော်ကတော့မကြာသေးခင်ရက်ပိုင်းလောက်က ဖြစ်သွားခဲ့တဲ့ ရေမွန်နဲ့ပတ်သက်တဲ့ အမှတ်တရတစ်ခုကို ဝမ်းနည်းစွာနဲ့ပြောပြလာခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

နီနီခင်ဇော်ကတော့ " စိတ်​ဖြောင့်​​ဖြောင့်သာ ချန်ခဲ့ပါ အကို​ရေ သူဒီပုံ​လေးတင်တုန်းက Save ထားခဲ့မိတာ အခုဒီအချိန်မှာပြန်တင်ရလိမ့်မယ်လို့မထင်ခဲ့ပါဘူးရုတ်တရက်နှုတ်ဆက်သွားတဲ့ တန်ဖိုးရှိတဲ့ အနုပညာရှင်တစ်ဦး, သူဖန်တီး​​သောအရာများ ​လေးစားမြတ်နိုးမိ​သော သူရဲ့ပရိသတ်များ (ကျမအပါအဝင်)ဝမ်းနည်းငို​ကြွေးကြရပါတယ်...REST IN PEACE, REST IN POWER BROTHER​သေကွဲ ရှင်ကွဲ ကွဲကွာခဲ့ကြတဲ့မိသားစု​တွေအတွက်ဆုံးရှုံး​ကြွေလွင့်ခဲ့ရတဲ့ ​နွေဦးပန်း​တွေအတွက် "ဆိုပြီး  ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ဆုံးပါးသွားရှာပြီဖြစ်တဲ့ အဆိုတော်ရေမွန်တစ်ယောက် ကောင်းရာသုကတိလားပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။

Source: Ni Ni Khin Zaw 's Facebook Page 

Photo Credit : Ni Ni Khin Zaw 's Facebook Page 
Photo Credit : Ni Ni Khin Zaw 's Facebook Page 
Photo Credit : Ni Ni Khin Zaw 's Facebook Page 
Photo Credit : Ni Ni Khin Zaw 's Facebook Page 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T