ပုသိမ် KBZ ဘဏ်ခွဲတစ်ခုမှ ၀န်းထမ်းတစ်ဦးထံတွင် Covid-19 တွေ့ရှိပြီးနောက် အခြေအနေ

//s9.kh1.co/d8/d8fb528fb76e669d5444bbdb5093d95caca95515.jpg
နေ့စဉ်သတင်းများ

 ၂၃-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းချိန်ကစပြီး Covid ရောဂါကူးစက်မှုတွေဟာ မြင့်တက်လာသလို ကျန်းမာရေးစနစ်ကလည်း ပြိုလဲနေပါပြီ။ ပြည်နယ်ဆေးရုံးတွေဟာလည်း ခက်ခက်ခဲခဲလည်ပတ်နေရတာကြောင့် ခုလိုချိန်မှာ မိမိတို့အနေနဲ့ Covid ကာကွယ်မှုတွေကို လိုက်နာသင့်ပြီး အထူးဂရုစိုက်သင့်ပါတယ်။ Covid ကူးစက်ခံမှုနဲ့ Coivd မ‌ျိုးစိတ်သစ်အကြောင်းတွေလည်း လက်ရှိအချိန်မှာ ထုတ်ပြန်ကြေညာမှုတွေ ရှိပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload

ယနေ့တွင်လည်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်း ကုန်စည်ဒိုင်ဝန်းအတွင်းမှာ ဖွင့်လှစ်ထားတဲ့ KBZ ဘဏ်ခွဲ အမှတ်(၂)က ဝန်ထမ်းတစ်ဦးထံတွင် Covid19 ကူးစက်ခံထားရသည်ကို တွေ့ရှိရပြီးနောက် ဇွန်လ ၂၃ရက်နေ့မှ စတင်ကာ ဘဏ်ခွဲကို ယာယီပိတ်ထားခဲ့ကြောင်း သိရပါတယ်။ “ဘဏ်ရှေ့မှာ စာကပ်ထားတယ်၊ ဝန်ထမ်းတစ်ဦးမှာ ကိုဗစ်တွေ့လို့ ယာယီပိတ်ထားတယ်၊ ဘဏ်မှာ တိုကင်ယူထားတဲ့သူတွေက ၂၃ရက်နေ့ကနေ ၂၅ရက်နေ့ထိတိုကင်တွေကို ဘဏ်ခွဲ (၄)မှာ ၂၈ရက်နေ့ကနေ နောက်လ ၂ရက်နေ့ထိ တိုကင်တွေကို ဘဏ်ခွဲ ၃မှာ သွားထုတ်ဖို့ စာကပ်ထားတယ်၊ လူမှုရေးအဖွဲ့တွေကတော့ အခုရက်ပိုင်းထဲမှာ ဘဏ်ကိုသွားမိတဲ့သူတွေကို အိမ်မှာပဲနေထိုင်ဖို့ နှိုးဆော်နေကြတယ်”လို့ ပုသိမ်မြို့ဒေသခံတစ်ဦးကပြောပါတယ်။

Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload
Photo Credit-Orginal Upload

ဇွန်လ ၁၉ရက်နေ့တုန်းက ဖော်ပြချက်အရ Covid ကူးခံရသူ ၅၄၆ယောက်ရှိပြီး သေဆုံးမှု ၇ ယောက်ရှိခဲ့ပါတယ်။ ဒါဟာ ဖေဖော်ဝါရီ ၁ရက်နေ့ကစလို့ အမြင့်ဆုံးကူးစက်ခံရမှု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အပြင်သွားတဲ့အခါ Mask တပ်ခြင်း၊ ချောင်းဆိုးနှာချေတဲ့အခါ တံတောင်ဆစ်ကြား ဆိုးခြင်း၊ Hand sanitizer အသုံးပြုခြင်း စသဖြင့် Covid ကာကွယ်ရေး နည်းလမ်းတွေကို လိုက်နာပြီး မိမိကိုယ်ကို ရောဂါမှ ကာကွယ်ဂရုစိုက်သင့်ပါတယ်။

Source & Photo Credit-Orginal Uploader

Photo Credit-Orginal Upload
Photo Credit-Orginal Upload
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T