သစ္စာဖောက်ဆိုတဲ့တံဆိပ်အကပ်မခံနိုင်လို့ ခံဝန်လေးထိုးပြီး အိမ်မှာအေးဆေးပြန်နေမှာမဟုတ်ကြောင်း ပြတ်ပြတ်သားသားပြောလိုက်တဲ့ ပိုင်ဖြိုးသု

//s9.kh1.co/08/08230e9c95116da6bf483d1a3d8ccb68c57186e0.jpg
အနုပညာရှင်များ

 ၂၃-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

သစ္စာဖောက်ဆိုတဲ့တံဆိပ်အကပ်မခံနိုင်လို့ ခံဝန်လေးထိုးပြီး အိမ်မှာအေးဆေးပြန်နေမှာမဟုတ်ကြောင်း ပြတ်ပြတ်သားသားပြောလိုက်တဲ့ ပိုင်ဖြိုးသု

အာဏာသိမ်းမှုဖြစ်ပွားအပြီး အနုပညာရှင်တွေများစွာဟာ ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြပါတယ်။ အမှန်တရားဘက်ကနေ ရပ်တည်ခဲ့တာကြောင့် ၅၀၅(က)နဲ့အမှုဖွင့်ခံထားရပြီး ရှောင်တိမ်းနေကြတဲ့ အနုပညာရှင်တွေလည်းရှိသလို ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တွေလည်းရှိကြပါတယ်။ ၅၀၅(က)နဲ့အမှုဖွင့်ခံထားရတဲ့ အနုပညာရှင်တွေအနေနဲ့ လက်ရှိနိုင်ငံရေးအ​ခြေအနေတွေနဲ့ပတ်သက်ပြီး Speak outမလုပ်တော့ဘဲ ခံဝန်ကတိထိုးရင် ဖွင့်ထားတဲ့အမှုကို ပြန်လည်ရုတ်သိမ်းပေးမယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ယက်ထက်မှာ ပျံ့နှံ့လာနေခဲ့ပါတယ်။

photo credit: paing phyoe thu 's facebook acc 
photo credit: paing phyoe thu 's facebook acc 
photo credit: paing phyoe thu 's facebook acc 
photo credit: paing phyoe thu 's facebook acc 

ရဲရဲရင့်ရင့်နဲ့ နွေဦးတော်လှန်ရေးမှာကိုယ်တိုင်ပါဝင်ခဲ့တဲ့သရုပ်ဆောင်ပိုင်ဖြိုးသုကတော့ ၅၀၅(က)နဲ့အမှုဖွင့်ခံထားရတာကြောင့် ဘေးလွတ်ရာမှာရှောင်တိမ်းနေခဲ့ပါတယ်။ ယခုမှာတော့ ပိုင်ဖြိုးသုဟာ ခံဝန်ကတိကိစ္စနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသားပြောဆိုလာခဲ့ပါတယ်။သူမကတော့ သစ္စာဖောက်ဆိုတဲ့ တံဆိပ်အကပ်မခံနိုင်ဘဲ အသက်ပေးသွားသူတွေ၊ထောင်ကျသွားသူတွေကြောင့် ခံဝန်ကတိထိုးမှာမဟုတ်ကြောင်း ​ပြောဆိုလိုက်ပါတယ်။ ယခုအချိန်ထိ အမှန်တရားဘက်ကနေ မားမားမတ်မတ်ရပ်တည်နေပြီး ခံယူချက်၊ဆုံးဖြတ်ချက်ပြတ်သားတဲ့ သူမရဲ့စိတ်ဓာတ်ကို ပြည်သူတွေက ချီးကျူးလေးစားနေကြပါတယ်။

photo credit: paing phyoe thu 's facebook acc 
photo credit: paing phyoe thu 's facebook acc 
photo credit: paing phyoe thu 's facebook acc 
photo credit: paing phyoe thu 's facebook acc 

သူမကတော့ " ခံစားချက်ကိုဦးစားပေးခဲ့မိလို့မှားသွားပါတယ်...လို့ခံဝန်လေးထိုးပြီး အိမ်မှာအေးဆေးပြန်နေရမယ်တဲ့လား....မိသားစုနဲ့ပြန်တွေ့ရမယ်တဲ့လား.... အလုပ်တွေပြန်လုပ်ရမယ်တဲ့လား....တစ်ချို့တွေအသက်တွေပေးသွားကြပြီ... တစ်ချို့တွေ ထောင်ထဲရောက်ကုန်ကြပြီ....တစ်ချို့တွေအားလုံးကိုပစ်ချထားခဲ့ပြီးလက်နက်တွေကိုင်နေကြရပြီ....သူတို့တွေအိမ်ပြန်လို့မရကြတော့ဘူး...မိသားစုနဲ့လည်းကွဲကွာကုန်ကြပြီ သူတို့ချစ်တဲ့အလုပ်‌တွေလည်းလုပ်ခွင့်မရကြတော့ဘူး အဲဒီ့လူတွေကိုငါရှက်တယ် အဖြစ်မရှိသူဆိုတဲ့ဂုဏ်ပုဒ်‌နဲ့တင်ငါ့အတွက်လုံလောက်ပါပြီ...သစ္စာဖောက်ဆိုတဲ့တံဆိပ်တော့အကပ်မခံပါရစေနဲ့ အရေးတော်ပုံမအောင်မချင်းငါအိမ်မပြန်ဘူး "ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Source :paing phyoe thu 's facebook acc

photo credit: paing phyoe thu 's facebook acc 
photo credit: paing phyoe thu 's facebook acc 
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T