တစ်ဖက်ရန်သူကို အပြင်းအထန် ပြန်လည် တိုက်ခိုက်နေတဲ့ KNU ရဲ့ တိုက်ပွဲ မှန်တမ်း ဗီဒီယိုဖိုင်

//s9.kh1.co/93/93f1757baa5d007973586619989bc4de795c7e7c.jpeg
နေ့စဉ်သတင်းများ

 ၂၄-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

......

မတည်ငြိမ်တဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် တိုင်းရင်းသား ဒေသတွေမှာ စစ်ဘေးဒဏ်ကို အလူးအလဲ ခံစားနေကြရတာဖြစ်ပါတယ်။ စစ်ဘေးရှောင်ကာ တောတောင်ထဲတွေမှာ ထွက်ပြေးနေကြရတဲ့ ပြည်သူတွေလည်း များစွာရှိလာသလို လွတ်မြောက်နယ်မြေတွေမှာပါခိုလှုံနေကြရတဲ့ ပြည်သူတွေလည်း အများအပြားရှိလာတာကို တွေ့ရပါတယ်။ 

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း မိမိတို့ လူမျိုးနဲ့ ကိုယ့်ဒေသအတွက် အစွမ်းကုန် ကာကွယ်ကာ ခုခံတိုက်ခိုက်ပေးနေတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ပြည်မတွေက လာရောက်ပြီး စစ်ပညာသင်ကြားနေကြတဲ့ လူငယ်လေးတွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသလို ပညာရပ်တွေကိုလည်း တတ်မြောက်အောင် အစွမ်းကုန် သင်ကြားပေးနေတာပါ ။

Photo Credit - Original Upload
Photo Credit - Original Upload

အခုလည်း လူမှုကွန်ရက် စာမျက်နှာထက်မှာ တစ်ဖက်ရန်သူနဲ့ KNU တို့ အပြန်အလှန် ပစ်ခတ်နေတဲ့ ဗီဒီယိုလေး ပျံ့နှံ့လျက်ရှိပါတယ် ။ KNU ဘက်ကလည်း တစ်ဖက်ရန်သူကို ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်လျက်ရှိတာကို ဗီဒီယိုလေးထဲ တွေ့မြင်ရမှာပါ ။ ဒါ့အပြင် KNU အနေနဲ့လည်း သူတို့ရဲ့ လူမျိုးနဲ့ အပြစ်မဲ့ ပြည်သူတွေအပေါ် တတ်နိုင်သလောက် ကူညီမှုတွေပေးအပ်သွားမယ်လို့လည်း ပြောကြားထားပါတယ် ။ ပရိသတ်ကြီးအတွက် KNU ရဲ့ တိုက်ပွဲ ဗီဒီယိုလေးကို ​ဝေမျှပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T