PDF ခေါင်းဆောင် ဗိုလ်ထွန်းတောက်နိုင် လုံခြုံစွာရှိနေကြောင်း သတင်းအမှားတွေကို အကြောင်းစုံ ပြန်လည်ရှင်းပြလာတဲ့ MDY - PDF

//s9.kh1.co/f5/f5b2c0a781fafef426d05cee2c26d764783b6549.jpeg
နေ့စဉ်သတင်းများ

 ၂၄-ဇွန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

......

လတ်တလောမှာဆိုရင် နိုင်ငံရေး အခြေအနေတွေ မတည်ငြိမ် သေးသလို ဖြစ်ပျက်ခဲ့တဲ့ တိုက်ပွဲ ဖြစ်စဉ်တွေမှာလည်း သတင်းအမှန်ရှိသလို အမှားတွေလည်း များစွာ ပျံ့နှံ့နေတာတွေ့ရပါတယ် ။ ပြည်သူတွေ အားလုံးကတော့ သတင်းဆိုးတွေ တက်လာတိုင်း ဝမ်းနည်း စိတ်မကောင်း ဖြစ်ကြရတာ အမှန်ပါပဲ ။ မကြာခင်ရက်ပိုင်းက မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ဆိုရင်လည်း သတင်းမျိုးစုံ ထွက်ရှိနေတာတွေ့ရပါတယ် ။

 Photo Credit : People Defence Force Mandalay -Mdy -Pdf  Facebook Page 
 Photo Credit : People Defence Force Mandalay -Mdy -Pdf Facebook Page 

မနေ့ညကလည်း မန္တလေး PDF ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဗိုလ်ထွန်းတောက်နိုင် အပါအဝင် အခြား ရဲဘော်တွေရော လက်နက်တွေပါ  ဖမ်းဆီးထိန်းသိမ်းခံရတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက် စာမျက်နှာထက်မှာ များစွာ ပျံ့နှံ့ ခဲ့ပါတယ် ။ ပြည်သူတွေကလည်း သတင်းတွေ ရုတ်တရက် တက်လာတာကြောင့် စိုးရိမ်စိတ်တွေ ဖြစ်ကာ  သတင်းအမှားဖြစ်ပါစေ ဆုတောင်းခဲ့ကြတာကို တွေ့ရပါတယ် ။

Photo Credit : People Defence Force Mandalay -Mdy -Pdf Facebook Page 
Photo Credit : People Defence Force Mandalay -Mdy -Pdf Facebook Page 

ဒီသတင်းနဲ့ ပတ်သက်ပြီး မကြာခင်နာရီဝက်လောက်က MDY - PDF စာမျက်နှာထက်ကနေပြီး သတင်းအမှားဖြစ်ကြောင်း ခေါင်းဆောင်မှာ သူတို့နဲ့ လုံခြုံစွာ ရှိနေကြောင်းကို "  မိဘပြည်သူများခင်ဗျား...ကျနော်တို့ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်ထွန်း​​​တောက်နိုင်ဟာ ကျနော်တို့နဲ့အတူရှိနေပါတယ်..လတ်တလော ကျနော်တို့ အဖွဲ့အနေဖြင့်လုံခြုံရေးပိုင်းဆိုင်ရာ အခက်အခဲတချို့ကို ကိုင်တွယ်ဖြေရှင်းနေရတဲ့အတွက် page ကိုခတ္တခဏ unpublish လုပ်ထားခြင်းဖြစ်ပါတယ်.. မကြာခင်အချိန်မှာ ကျနော်တို့ကြုံတွေ့ခဲ့ရသော ဖြစ်စဥ်များနှင့် ပါတ်သက်၍ ထုတ်ပြန်သွားပါမည်.. အရေးတော်ပုံအပေါ်မှာ ထားရှိတဲ့ ကျနော်တို့ရဲ့ သစ္စာတရားအပေါ်မှာ ဘယ်တော့မှ ဖောက်ပြန်သွားမှာမဟုတ်ပါဘူး။ရပြည်သူနဲ့အတူ ဒီအရေး​တော်ပုံကို အောင်မြင်တဲ့အထိ တိုက်ပွဲဝင်သွားမှာပါ.." လို့ဆိုကာ ခုလို ပြန်လည် ဖြေရှင်းထားရာ ပရိသတ်ကြီးလည်း သတင်းအမှန်သိရှိနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T