ကောက်ခံရရှိတဲ့အလှူငွေတွေကိုလိုအပ်နေသူတွေဆီတိုက်ရိုက်ရောက်အောင် ကိုယ်တိုင်လမ်းစရိတ်စိုက်ကာသွားရောက်လှူဒါန်းခဲ့တဲ့ အိစိကွေး

//s9.kh1.co/d0/d05ef45692c6de6b6d161030e074852aa83d5c63.jpg
အနုပညာရှင်များ

 ၂၄-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ကလေးသရုပ်ဆောင်အဖြစ် ငယ်စဉ်ကတည်းက အောင်မြင်မှုတွေရရှိထားသလို ယနေ့အချိန်ထိလည်း ပရိသတ်အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အိစိကွေးကတော့ အရေးတော်ပုံကာလကြီးမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ အိစိကွေးကတော့ လက်ရှိအခြေအနေတွေကြောင့် ပင်ပန်းခက်ခဲစွာ ရပ်တည်နေကြရတဲ့ ပြည်သူတွေအတွက်တတ်နိုင်သလောက် လှူဒါန်းမှုတွေနဲ့ ဖေးမကူညီနေသူလည်း ဖြစ်ပါတယ်......။

Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc

လူငယ်တစ်ယောက်ပီပီ အခုလိုကာလမျိုးမှာ စိတ်အားထက်သန်စွာနဲ့တစ်တပ်တစ်အားကူညီပေးနေတဲ့ အိစိကွေးကတော့ တကယ်ကိုချီးကျူးဖို့ကောင်းပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေလည်းများလာနေပြီး မီးဘေးကြောင့်စည်းစိမ်ဥစ္စာတွေဆုံးပါးခဲ့ရတဲ့ရွာသူရွာသားတွေလည်းရှိသလို ကုန်ဈေးနှုန်းမြင့်တက်မှုတွေနဲ့ အလုပ်အကိုင်ရှားပါးလာမှုတွေကြောင့် ဒုက္ခရောက်နေကြရတဲ့ပြည်သူတွေလည်းများစွာရှိနေတာဖြစ်ပါတယ်။

Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc

အိစိကွေးက ကိုယ်တိုင်အလှူခံကာကူညီနေတဲ့သူဖြစ်ပြီး သူ့ရဲ့ Facebookစာမျက်နှာမှာ "ရွှေဘိုဈေးမီးဘေးအတွက်ကျွန်တော် အလှူကောက်ခံရတဲ့ (၁၀)သိန်းကျပ်လှူဒါန်းခဲ့ပါတယ်ဗျ။ လမ်းစရိတ်တောင် ကိုယ့်ဘာသာပဲ စိုက်ခဲ့ပါတယ်။ဦးဇင်း Ven Pawara က(၁၀)သိန်းထဲမှ ရွှေဘိုစျေးအတွက် အလှူကိုဦးဆောင်ကြတဲ့ ဆရာတော်များအဖွဲ့အတွက် (၃)သိန်းကျပ် နှင့် ကျန်အလှူငွေများကို​ရွှေဘိုဈေးမီးလောင်တဲ့အထဲမှ အချို့ခက်ခဲသော မိသားစုများအား ခွဲဝေလှူဒါန်းပေးခဲ့ပါတယ်ဗျ အားလုံးသိရအောင် အသေးစိတ် တင်ပြခြင်းဖြစ်ပါတယ် အလှူငွေကို လိုအပ်တဲ့နေရာတွေမှာ ခွဲဝေလှူဒါန်းခြင်းဖြစ်ပါတယ်ဗျ ကင်းမရွာအတွက် အလှူခံထားတဲ့ အလှူငွေတွေကိုလည်း ကိုယ့်စရိတ်နဲ့ကိုယ်ပဲ ကိုယ်တိုင်သွားရောက်လှူဒါန်းသွားပါမယ်ဗျ ??လှူဒါန်းကြတဲ့အလှူရှင်တွေကိုလည်း အထူးကျေးဇူးတင်ပါတယ်ဗျ....." ဆိုပြီးရေးသားမျှဝေထားတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc
Photo credit-​ Eisi Kway's Facebook acc

သတင်း အရင်းအမြစ်Eisi Kway's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T