လုံခြုံရေးတွေတင်းကျပ်နေတဲ့ကြားကပဲ လမ်းမတွေပေါ်ထွက်ပြီး ကြောက်ခေတ်ကို မှောက်ပစ်မယ့်သပိတ်စစ်ကြောင်းဆင်နွှဲခဲ့ကြတဲ့ မန္တလေးကပြည်သူများ

//s9.kh1.co/9c/9c82a06ef3b328b91cf99f5c0aab18bb6e981dce.jpg
နေ့စဉ်သတင်းများ

 ၂၄-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

လုံခြုံရေးတွေတင်းကျပ်နေတဲ့ကြားကပဲ လမ်းမတွေပေါ်ထွက်ပြီး ကြောက်ခေတ်ကို မှောက်ပစ်မယ့်သပိတ်စစ်ကြောင်းဆင်နွှဲခဲ့ကြတဲ့ မန္တလေးကပြည်သူများ

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးဆင်နွှဲခဲ့တာကြောင့် အသက်ပေးလိုက်ရတဲ့ ပြည်သူတွေလည်းများစွာရှိသလို ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူတွေလည်းအများအပြားရှိနေခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲဝင်ရောက်ပြီး အာဏာရှင်ကိုတွန်းလှန်နေတဲ့ ပြည်သူတွေလည်းရှိသလို ဆန္ဒပြသပိတ်တွေပြုလုပ်ပြီး အာဏာရှင်အလိုမရှိကြောင်းဆန့်ကျင်ဆန္ဒပြနေကြတဲ့ ပြည်သူတွေလည်းရှိကြပါတယ်။ ပစ်ခတ်ဖြိုခွင်းမှုတွေရှိပေမယ့်လည်း ပြည်သူတွေကတော့ ရဲရင့်ပြတ်သားတဲ့ စိတ်ဓာတ်တွေနဲ့ ဆန္ဒပြသပိတ်တွေကို ဆက်လက်ပြုလုပ်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး PDFတပ်ဖွဲ့ဝင်တစ်ချို့ ဖမ်းဆီးခံခဲ့ရပါတယ်။ အဆိုပါဖြစ်ရပ်ကြောင့် လုံခြုံရေးတွေတင်းကျပ်တဲ့ကြားကပဲ မန္တလေးကပြည်သူတွေဟာ အားမာန်အပြည့်နဲ့ချီတတ်ပြီး အာဏာရှင်အလိုမရှိကြောင်းဆန္ဒပြခဲ့ပါတယ်။ မန္တလေးကပြည်သူတွေဟာ " မယိုင်လဲတဲ့ တပ်ပေါင်းစု ခိုင်မြဲတဲ့ တပ်ပေါင်းစု " ဆိုတဲ့ စာတန်းပါဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး အာဏာရှင်ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပစ်ခတ်ဖမ်းဆီးမှုတွေရှိပေမယ့် မကြောက်မရွံ့ကြဘဲ ရဲရဲရင့်ရင့်နဲ့ သပိတ်ဆင်နွှဲခဲ့ကြတဲ့ မန္တလေးကဆန္ဒပြသူတွေကို ပြည်သူတွေက ဘေးကင်းကြစေဖို့ ဆုတောင်းပေးနေကြပါတယ်။ယနေ့မှာ မန္တလေးကပြည်သူတွေအပြင် တစ်ခြားဒေသက ပြည်သူတွေကလည်း အာဏာရှင်ဆန့်ကျင်တဲ့သပိတ်တွေဆင်နွှဲခဲ့ကြပါတယ်။ ကြောက်ခေတ်ကို မှောက်ပစ်မယ့် တပ်ပေါင်းစု သပိတ်စစ်ကြောင်းဆင်နွှဲခဲ့ကြတဲ့ မန္တလေးကပြည်သူတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source:  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T