မွေးနေ့အလှူအနေနဲ့ မှန်ကင်းပရဟိတကျောင်းမှာ ကိုယ်တိုင်သွားရောက်ကုသိုလ်ပြုလှူဒါန်းခဲ့တဲ့ နန်းမွေစံ

//s9.kh1.co/0f/0ffbf23b051b8c7485ce3f393e8348b4a97f67d8.jpg
အနုပညာရှင်များ

 ၂၄-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ဖေဖော်ဝါရီလအစပိုင်းတည်းက ပြည်သူပရိသတ်တွေနဲ့အတူလုထုလှုပ်ရှားမှုတွေမှာ ပါ၀င်ခဲ့တဲ့ မော်ဒယ်လ်နန်းမွေစံကို ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ သူမဟာအရေးတော်ပုံကြီးစတင်ခဲ့တဲ့ အချိန်ကာလတွေမှာ တတ်နိုင်သရွေ့ လူမှုကွန်ယက်စာမျက်နှာတွေကနေ Speak outလုပ်ခဲ့သူတစ်ဦးလည်းဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေး၀န်းရံမှုရရှိထားတဲ့သူတစ်ဦးဖြစ်ပါတယ်......။

Photo credit-​ Nang Mwe San's Facebook acc
Photo credit-​ Nang Mwe San's Facebook acc
Photo credit-​ Nang Mwe San's Facebook acc
Photo credit-​ Nang Mwe San's Facebook acc

နန်းမွေစံကလက်ရှိမှာတော့ သူမရဲ့အနုပညာအလုပ်တစ်ချို့ကိုဆက်လက်လုပ်ကိုင်နေပြီး လှုပ်ရှားမှုပုံရိပ်အချို့ကိုမျှဝေပေးလျက်ရှိတာတွေ့ရပါတယ်။ နန်းမွေစံရဲ့ ခပ်မိုက်မိုက်ပုံတွေနဲ့ ဗီဒီယိုတွေက ပရိသတ်တွေကြားမှာရေပန်းစားကျော်ကြားတာဖြစ်ပေမယ့် နောက်ပိုင်းမှာ နိုင်ငံ့အရေးနဲ့ပက်သက်ပြီး လှုပ်ရှားမှုသိပ်မတွေ့ရတဲ့အတွက် ပရိသတ်အချို့ရဲ့ဝေဖန်မှုတွေရရှိနေတာလည်းတွေ့ရပါတယ်.....။

Photo credit-​ Nang Mwe San's Facebook acc
Photo credit-​ Nang Mwe San's Facebook acc
Photo credit-​ Nang Mwe San's Facebook acc
Photo credit-​ Nang Mwe San's Facebook acc

နန်းမွေစံက မကြာသေးမီကတော့သူမရဲ့ Facebook စာမျက်နှာကနေတစ်ဆင့် မွေးနေ့အလှူပုံရိပ်တွေကိုတင်ပေးလာခဲ့ပါတယ်။ ယမန်နေ့ ဇွန်လ၂၃ရက်နေ့က နန်းမွေစံရဲ့မွေးနေ့လေးဖြစ်ပြီး ဒီကနေ့မှာတော့ သူမက "၂၃ ရက်နေ့ မှန်ကင်းပရဟိတကျောင်းသို့ မွေးနေ့အလှူ ???...." ဆိုပြီးရေးသားကာ ပရိသတ်တွေအတွက် မျှဝေပေးလာတာဖြစ်ပါတယ်။ ကဲ......ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo credit-​ Nang Mwe San's Facebook acc
Photo credit-​ Nang Mwe San's Facebook acc
Photo credit-​ Nang Mwe San's Facebook acc
Photo credit-​ Nang Mwe San's Facebook acc

သတင်း အရင်းအမြစ်Nang Mwe San's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T