နိုင်ငံကျော်အဆိုတော်ဖြစ်ပေမယ့် ကံကြမ္မာရဲ့မျက်နှာမပေးမှုကြောင့် ထင်းမီးပုံပေါ်မှာပဲ သဂြိုလ်ခဲ့ရတဲ့ ရေမွန်ရဲ့နောက်ဆုံးခရီးဗီဒီယိုဖိုင်

//s9.kh1.co/20/204f1ad1bdd8407a725a2103a8f1f7cb2409c132.jpeg
အနုပညာရှင်များ

 ၂၅-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီနေ့မှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော် ရေမွန်ရဲ့ ရုပ်ကလာပ်ကို မြို့လေးတစ်မြို့တွင် သဂြိုလ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံးခရီးကို ရေမွန်ရဲ့ မိသားစုဝင်များနဲ့ ပရိသတ်တစ်ချို့မှ လိုက်ပါပို့ဆောင်ပေးခဲ့ကြတာဖြစ်ပါတယ်။ ရေမွန်ဟာ တန်ဖိုးရှိတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး သူ့ရဲ့ အခန်းကျဉ်းကျဉ်းလေးထဲမှာ သီချင်းတော်တော်များများ ရေးသားဖန်တီးခဲ့တာ ဖြစ်ပါတယ်။  ဂီတမျိုးရိုးရှိသူ ဖြစ်တာကြောင့် ငယ်စဉ်ကတည်းကသီချင်းတွေကို ကိုယ်တိုင်ရေးသားသီဆိုခဲ့ပြီး လက်ရှိအချိန်မှာတော့ နိုင်ငံကျော် အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Original Uploader 

အခုလို လောကကြီးကနေ စောစီးစွာ ထွက်သွားတဲ့ ရေမွန်အတွက် ပရိသတ်တွေအားလုံးက ဖြေမဆည်နိုင်အောင်ဝမ်းနည်းနေကြဆဲ ဖြစ်ပါတယ်။ နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တာတောင် လက်ရှိအခြေအနေတွေကြောင့်တောထဲမှာဘဲ မီးသဂြိုလ်ခဲ့ရတဲ့ သူ့ရဲ့အဖြစ်ကို အားလုံးက စိတ်မကောင်းဖြစ်နေကြတာပါ။ မကြာသေးခင်ကတက်လာတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာလည်း သားရဲ့ဓာတ်ပုံလေးကို ကြည့်ပြီး နှုတ်ဆက်အနမ်းလေးပေးနေတဲ့ ရေမွန်ရဲ့မိခင်ကို မြင်တွေ့လိုက်ရတာကြောင့် မိဘကိုသိတတ်လွန်းတဲ့ သားလိမ္မာလေးကို ဆုံးရှုံးလိုက်ရတဲ့ အမေတစ်ယောက်ရဲ့ ခံစားချက်ကို အထင်းသားမြင်တွေ့ရပါတယ်။

Photo Crd-Original Uploader 
Photo Crd-Original Uploader 
Photo Crd-Saw Chris MooLer’s Facebook Account 
Photo Crd-Saw Chris MooLer’s Facebook Account 
Photo Crd-Saw Chris MooLer’s Facebook Account 
Photo Crd-Saw Chris MooLer’s Facebook Account 

သူ့ကို သတိရ လွမ်းနေကြတဲ့ သူ့ကို ချစ်ခင်ကြသူများက ရေမွန်နဲ့ ပတ်သက်တဲ့ အမှတ်တရများစွာကို လူမှုကွန်ယက်များတွင် ဒီနေ့ထိ ရေးသားနေကြဆဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က အဆိုတော်မူးလာရဲ့လူမှုကွန်ယက်တွင်လည်း " ငြိမ်းချမ်းစွာ အိပ်စက် အနားယူပါ အခမ်းနားဆုံးသော နောက်ဆုံးခရီးဖြစ်သင့်ပေမယ့်ကံကြမ္မာက မျက်နှာသာမပေးခဲ့တော့ အတော်လေးကိုဝမ်းနည်းရတယ်ဗျာ?နောက်နောင် လူဖြစ်ခဲ့ရင် ဒီလိုဒီနိုင်ငံမှာ မဖြစ်ပါနဲ့တော့ဗျာ ကောင်းကင်ယံကကြည်လင်နေသလို နောက်ဆုံးမျက်နှာလေးဟာလည်း ကြည်လင်တောက်ပဆဲအသက်ဆက်ရှင်နေမယ့်သီချင်းတွေလည်း လင်းလက်နေမှာပါ?

#ripကိုတွတ် " ဆိုပြီး ဝမ်းနည်းစရာအဖြစ်အပျက်လေးကို ရေးသားထားတာ ဖြစ်ပါတယ်။ အဆိုတော် ရေမွန်တစ်ယောက် ကောင်းကင်မှာ လင်းလက်တောက်ပနေတဲ့ ကြယ်ပွင့်လေးအဖြစ် တည်ရှိနေပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Saw Chris MooLer’s Facebook Account and Original Uploader 

Photo Crd-Saw Chris MooLer’s Facebook Account 
Photo Crd-Saw Chris MooLer’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T