မီးသင်္ဂြိုဟ်ခါနီး သားဖြစ်သူရဲ့မျက်နှာလေးကို အနမ်းတွေတဖွဖွပေးရင်း နောက်ဆုံးအနေနဲ့နှုတ်ဆက်စကားတွေ တတွတ်တွတ်ပြောနေတဲ့ ရေမွန့်မိခင်ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/79/79a901c5cac26a87358f3b21484aa06f2cf5a2f5.jpg
အနုပညာရှင်များ

 ၂၅-ဇွန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

မီးသင်္ဂြိုဟ်ခါနီး သားဖြစ်သူရဲ့မျက်နှာလေးကို အနမ်းတွေတဖွဖွပေးရင်း နောက်ဆုံးအနေနဲ့နှုတ်ဆက်စကားတွေ တတွတ်တွတ်ပြောနေတဲ့ ရေမွန့်မိခင်ရဲ့ဗီဒီယိုဖိုင်

အဆိုတော်ရေမွန်ကတော့ ပြီးခဲ့တဲ့ ဇွန်လ (၂၃) ရက်နေ့မှာပဲ သူချစ်ရတဲ့သူတွေအားလုံးကို အပြီးတိုင်နှုတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ် ။ နောက်ဆုံးအချိန်အထိတိုင်အောင် အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တဲ့ ရေမွန်က အစာအိမ်သွေးကြောပေါက်ပြီး ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ် ။ ရေမွန်ရဲ့စျာပနပွဲကိုတော့ ဒီနေ့ဇွန်လ (၂၅) ရက်နေ့မှာပဲ လွတ်မြောက်နယ်မြေကတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ရေမွန်ရဲ့နောက်ဆုံးခရီးကို မိသားစုဝင်တွေ၊မိတ်ဆွေတွေ၊ ပရိသတ်တွေနဲ့ ပြည်သူတွေ လိုက်ပါပို့ဆောင်ခဲ့ကြတာ ဖြစ်ပါတယ် ။ မီးသင်္ဂြိုဟ်ခါနီးအချိန်မှာတော့ မိခင်ဖြစ်သူက ရေမွန်ရဲ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း နှုတ်ဆက်အနမ်းတွေ တဖွဖွပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် သားလေးရဲ့ခေါင်းကိုသပ်ပေးရင်းနဲ့ သူမရင်ထဲက ပြောချင်ခဲ့တဲ့ စကားတွေကို ဖွင့်ဟပြောပြခဲ့တာလည်း ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ရေမွန်ရဲ့မိခင်ကတော့ သားလေးစိတ်ဖြောင့်ဖြောင့်နဲ့သွားနိုင်ဖို့အတွက် နွေးထွေးတဲ့မေတ္တာတွေနဲ့ ဘေးကနေ ဆုတောင်းပေးခဲ့တာလည်း ဖြစ်ပါတယ် ။ "နောက်ဘဝဆက်တိုင်းဆက်တိုင်းမှာ မိစုံဖစုံနဲ့ လူဖြစ်ခွင့်ရရှိပါစေ" လို့လည်း ရေမွန်ရဲ့မိခင်က ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ် ။ တစ်သက်တာခွဲခွာရတော့မယ့် သားဖြစ်သူရဲ့ရုပ်အလောင်းဘေးမှာ ဝမ်းနည်းစွာငိုကြွေးရင်း နှုတ်ဆက်နေတဲ့ မိခင်တစ်ယောက်ရဲ့မြင်ကွင်းက ပြည်သူတွေကိုပါ မျက်ရည်ကျစေခဲ့တာပဲ ဖြစ်ပါတယ် ။ ပရိသတ်တွေရော ပြည်သူတွေပါ ချစ်ခင်လေးစားရတဲ့ ကိုရေမွန်တစ်ယောက် ကောင်းရာမွန်ရာဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source & Video Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T