ရေမွန်ရဲ့နာရေးကိုကြည့်ပြီး ရင်နာလွန်းလို့ မြိုသိပ်ထားသမျှ အဖြစ်အပျက်တွေအားလုံးကို ဖွင့်ဟပြောပြလိုက်တဲ့ ထားထက်ထက်

//s9.kh1.co/ba/ba081e61e3d67f64046e940afd0da02259116acd.png
အနုပညာရှင်များ

 ၂၅-ဇွန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

လူတစ်ယောက်သေဆုံးသွားပြီဆိုရင် သူနဲ့ပတ်သက်တဲ့အမှတ်တရတွေကို အောက်မေ့ပြီး သတိရလွမ်းဆွတ်နေတာထက် သူမသေခင်သူ့အတွက်အကျိုးဖြစ်ထွန်းမယ့်အရာတွေကို ကူညီထောက်ပံ့ပေးသင့်ကြောင်း ထားထက်ထက်က သူမရဲ့လူမှုကွန်ယက်မှာ ပြောပြလာခဲ့ပါတယ်။ အဆိုတော်ရေမွန်သေဆုံးသွားပြီဆိုတဲ့သတင်းကြားတဲ့အချိန်မှာ ပရိသတ်တွေဟာ အထိတ်တလန့်နဲ့ကြေကွဲခဲ့ကြပြီး တန်ဖိုးရှိတဲ့လူတစ်ယောက် ဆုံးရှုံးလိုက်ရတာကို ဝမ်းနည်းတသဖြစ်နေခဲ့ပါတယ်။ ယုံကြည်ချက်တစ်ခုအတွက် တောခိုသွားသူတွေကို ထောက်ပံ့ပေးဖို့ကိုတော့ တော်တော်များများကသတိမထားမိကြပါဘူး။

Photo Credit - Htar Htet Htet's FB Acc
Photo Credit - Htar Htet Htet's FB Acc

ဒီအချက်တွေကိုအခြေခံပြီး ထားထက်ထက်က သူမရဲ့ခံစားချက်တစ်ချို့ကို " ကျွန်မသေမှ နှမြောပါတယ် ဝမ်းနည်းပါတယ် RIP ပါ ဆိုတာတွေ ကျွန်မ wall မှာ ကျွန်မ page မှာလာမရေးပါနဲ့ မမြင်ချင်ပါဘူး ကျွန်မတို့ ရှင်စဉ်အခါမှာ မတရားမှုကိုတော်လှန်နေတုန်း ကျွန်မနဲ့ အခြားစခန်းတွေကို လိုအပ်တာတွေ ထောက်ပံ့လှူဒါန်းပါ စခန်းတိုင်းလိုအပ်ချက်ရှိနေတယ် သေမှလုပ်ပေးတာအကုန်အပိုတွေပါပဲ ကျွန်မတို့ဘက်က စစ်အာဏာရှင်စနစ်ကျဆုံးဖို့ လုပ်နိုင်တာမှန်သမျှ အဆုံးစွန်ထိ အစွမ်းကုန်လုပ်သွားမှာ ကျားဆိုးကိုသုတ်သင်ဖို့ သမင်တွေမွေးပေးနေရုံနဲ့ မဖြစ်နိုင်ပါဘူး ကျားဆိုးကို ရိုက်သတ်မယ့် သူရဲကောင်းတွေကို ထောက်ပံ့ကူညီပါ ကျားဆိုးကို ရိုက်သတ်ဖို့ ဓါး လှံ လှူပါ (ကိုရေမွန့် နာရေးကိုမြင်ရပြီး ရင်နာနာနဲ့ ရေးဖြစ်တဲ့ စာ) " ဆိုပြီး ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။

Photo Credit - Htar Htet Htet's FB Acc
Photo Credit - Htar Htet Htet's FB Acc
Photo Credit - Htar Htet Htet's FB Acc
Photo Credit - Htar Htet Htet's FB Acc

တောထဲမှာဒုက္ခခံနေရတဲ့ ပြည်သူ့ရဲဘော်တွေအားလုံးဟာ ချို့ချို့တဲ့တဲ့စားသောက်နေထိုင်ပြီး အာဏာရှင်ကို တွန်းလှန်ဖို့ ကြိုးစားနေကြရပါတယ်။ ဒါတွေကိုသိရှိပြီး ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းတစ်ခုနဲ့ ချိတ်ဆက်လှူဒါန်းမှုတွေတတ်နိုင်သလောက်လုပ်သင့်တဲ့အကြောင်းကို ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ သေဆုံးသွားတဲ့သူဟာ ဘာမှမတတ်နိုင်တော့တာမို့ သူအသက်ရှင်နေစဉ်မှာ အကျိုးရှိတာတွေလုပ်နိုင်အောင် များများထောက်ပံ့ပေးကြဖို့ လိုအပ်ပါတယ်။ ထားထက်ထက်ရဲ့ခံစားချက်စာကို ပရိသတ်တွေကလည်း သဘောတူကြတဲ့ မှတ်ချက်တွေအများအပြားပေးခဲ့ကြပါတယ်။

Photo Credit - Htar Htet Htet's FB Acc
Photo Credit - Htar Htet Htet's FB Acc

သတင်း အရင်းအမြစ်Htar Htet Htet's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T