သွားလေသူခက်သီရဲ့ဆန္ဒအတိုင်း စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်ခဲ့ပြီး ပွဲဦးထွက်လှခဲ့တဲ့ ပုလဲ PPDF ရဲ့ တိုက်ပွဲအကြောင်းပြောပြလာတဲ့ ရဲဘော်တစ်ဦး

//s9.kh1.co/a4/a43e3593387139fecc28069132443ffb71d165ad.png
နေ့စဉ်သတင်းများ

 ၂၅-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

ပြီးခဲ့တဲ့ မေလ (၉) ရက်နေ့မှာ အာဏာရှင်ကိုတော်လှန်ရင်းအသက်ပေးခဲ့ရတဲ့ ကဗျာဆရာခက်သီဟာ သူသေဆုံးတဲ့အထိ သူ့ရဲ့ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားခဲ့ပါတယ်။ စနေနေ့ညမှာ ဖမ်းဆီးသွားခဲ့ပြီး တနင်္ဂနွေမနက်မှာ သေဆုံးသွားခဲ့တဲ့ ခင်ပွန်းရဲ့အလောင်းကိုထုတ်ယူဖို့ ခက်သီရဲ့ဇနီးဖြစ်သူဟာ စစ်ကောင်စီတပ်တွေကို ရှိခိုးပြီး တောင်းပန်ခဲ့ရတဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်ကို ဘယ်သူမှမေ့နိုင်မှာမဟုတ်ပါဘူး။ ပုလဲမြို့ရဲ့ သူရဲကောင်းတစ်ယောက်အဖြစ်နဲ့ ဂုဏ်သိက္ခာရှိရှိ ကျဆုံးသွားသူမို့ လူသေပေမယ့် နာမည်က မော်ကွန်းတင်ကျန်ရစ်နေမှာပါ။

Photo Credit - Po Pyae Thu's FB Acc
Photo Credit - Po Pyae Thu's FB Acc

ခက်သီရဲ့ဈာပနကို တစ်မြို့လုံးက လက်သုံးချောင်းထောင်ပြီး စည်စည်ကားကားနဲ့ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။ ဒီနေ့မှာတော့ သွားလေးသူကိုခက်သီဖြစ်ချင်တဲ့ဆန္ဒတွေထဲက တစ်ခုဖြစ်တဲ့ ပုလဲ PDF နဲ့ စစ်ကောင်စီတပ်တွေရဲ့တိုက်ပွဲဟာ စတင်ဖြစ်ပွားခဲ့ပါတယ်။ ပွဲဦးထွက်မှာပဲ စစ်ကောင်စီတပ်ဖက်က မိုင်းထိခဲ့လို့ အယောက် (၃၀) ကျရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ပွဲဦးထွက်လှတဲ့ ပုလဲ PPDF အတွက် သွားလေးသူခက်သီလည်း ကျေနပ်နေမှာပါ။ သွေးကြွေးကို သွေးနဲ့ပဲပြန်ဆပ်တဲ့ဒီပွဲမှာ ပြည်သူတွေရဲ့စိတ်ခွန်အားထက်သက်မှုနဲ့ အာဏာရှင်ကို အမြစ်ဖြတ်တိုက်ထုတ်နိုင်မယ်လို့ အားလုံးကယုံကြည်ထားကြပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner
Photo Credit - Rightful Owner
Photo Credit - Rightful Owner

ခက်သီမျှော်လင့်ခဲ့တဲ့ တိုက်ပွဲအကြောင်းကို " ခက်သီရေ ပုလဲ PPDF ကတိုက်ပွဲစခဲ့ပြီ ပွဲဦးထွက်မှာ စစ်သားအယောက် (၃၀) လောက် မိုင်းထိတယ်တဲ့ သတင်းကောင်းပေါ့ အနောက်အမေကြီးကို ခင်ဗျားမရှိတော့ ကျတော့်အတွက်ပွဲထိုးပေးမယ့်လူလဲမရှိတော့ပါဘူး ကျားစာကျွေးခဲ့တယ်ဟ နင်ကအတိုက်အခိုက်များလို့တဲ့ အမေကြီးနတ်နန်းက နတ်ထိန်းမိန်းမကြီးကလေ နင်ပွဲပေးတယ်ဆိုတော့ ဘုန်းရှင်ကံရှင်ပါရမီရှင် ကြာသပတေး သမီးလေးပေးတဲ့ပွဲဆိုလို့ ရယ်ကြရသေးတယ်တဲ့ ခင်ဗျားမရှိတော့ပေမယ့် အနောက်မြောက် လွင်ပြင်ရဲ့တော်လှန်ရေးအလံက လွှင့်ထူထားဆဲပဲ ခင်ဗျားရယ်နေမှာမှတ်လား ခင်ဗျား ဒီသတင်းဖတ်ပြီးရယ်နေမှာ ကျေနပ်နေမှာ ကျနော်သိတယ် ဟုတ်တယ် ကျနော်လဲ အော်ရယ်မိတယ် ကျနော်တို့မှာ ငိုခဲ့ရတာများပြီကိုး အာနက်စတိုခက်ရေ အလေးနီဖြင့် ရဲဘော်ပို " ဆိုပြီး ခင်မင်ရသူတစ်ယောက်က ပြောပြလာခဲ့ပါတယ်။ သွားလေသူလည်း တမလွန်ကနေ ဒီအဖြစ်အပျက်တွေကိုကြည့်ပြီး ကျေနပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။

Photo Credit - Po Pyae Thu's FB Acc
Photo Credit - Po Pyae Thu's FB Acc
Photo Credit - Po Pyae Thu's FB Acc
Photo Credit - Po Pyae Thu's FB Acc

သတင်း အရင်းအမြစ်Po Pyae Thu's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T