မိုးသည်းထားတဲ့ ရေတောထဲမှာ စားဝတ်နေရေးအတွက် အသီးလေးတွေချရောင်းနေရတဲ့ တောင်ကြီးအဝေရာကွင်းက အဘိုးအဘွားများ

//s9.kh1.co/ea/ea818a9e3b4e4b9d53765c10caa7399413884335.png
နေ့စဉ်သတင်းများ

 ၂၅-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

စားဝတ်နေရေးကျပ်တည်းလာတာနဲ့အမျှ အန္တရာယ်တွေကြားထဲမှာလည်း ကြောက်ကြောက်ရွံ့ရွံ့နဲ့ ရှာဖွေစားသောက်ရတဲ့ဘဝတွေကို ပြည်သူတွေဟာ ရင်ဆိုင်လာရပါတယ်။ အခုလိုမိုးရာသီမှာဆိုရင် ရေကြီးရေလျှံမှုတွေဖြစ်တတ်တာကြောင့် ပုံမှန်ထက်အန္တရာယ်များတဲ့ ကာလတစ်ခုပါပဲ။ ရာသီဥတုရဲ့ဆိုးဝါးတဲ့ဒဏ်အပြင် ဘယ်အချိန်အသက်ဘေးနဲ့ရင်ဆိုင်ရမလဲဆိုတာကိုပါစိတ်ပူနေရပြီး ကပ်ရောဂါဆိုးကြီးဟာလည်း အားလုံးရဲ့လက်တစ်ကမ်းမှာ အသက်ဝိဉာဏ်နှုတ်ယူဖို့ အသင့်စောင့်ဆိုင်းနေခဲ့ပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

ဒီနေ့မှာလည်း တောင်ကြီးအဝေရာကွင်းမှာ ဈေးရောင်းနေရတဲ့ အဘိုးအဘွားတွေရဲ့ စိတ်မကောင်းစရာ ပုံရိပ်လေးတစ်ခုဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ မိုးတွေသည်းထားလို့ ရေတက်နေတဲ့လမ်းပေါ်မှာ ခြေထောက်အအေးခံပြီး အသီးအနှံတွေရောင်းချနေခဲ့ရတဲ့ သူတို့ဘဝရဲ့ခက်ခဲမှုဟာ အတိုင်းသား မြင်နေရပါတယ်။ အသက်အရွယ်ကြီးရင့်နေပေမယ့် အိမ်မှာအေးအေးလူလူမနားနိုင်ဘဲ အအေးပတ်ခံပြီး အခုလိုရောင်းချရတဲ့အထိ ကျပ်တည်းနေတာကိုမြင်ရတာ စိတ်မကောင်းဖြစ်စရာပါပဲ။ အဖက်ဖက်က အဆိုးတွေချည်းရင်ဆိုင်လာရတဲ့အချိန်မှာ ပြည်သူတွေဟာ ကူကယ်ရာမဲ့နေခဲ့ပါတယ်။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

သက်ကြီးရွယ်အိုတွေဈေးရောင်းတဲ့အခါ ဈေးမဆစ်မိဖို့နဲ့ တတ်နိုင်ရင်ပိုပေးလိုက်ဖို့ စာဖတ်သူတို့ကို တိုက်တွန်းပါရစေ။ အခုလို ခေတ်စနစ်မကောင်းတဲ့အချိန်ကြီးမှာ တစ်ယောက်ကိုတစ်ယောက် တတ်နိုင်သလောက်ကူညီဖေးမရင်း ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်တစ်ခုတည်ဆောက်ရမှာပါ။ သမ္မာအာဇီဝနဲ့ ရုန်းကန်နေရသူတွေကို တွေ့ရင်လည်း ကိုယ်တတ်နိုင်တဲ့ဖက်ကနေ ပံ့ပိုးပေးဖို့ ထပ်မံတိုက်တွန်းလိုက်ပါရစေ။

Photo Credit - Rightful Owner
Photo Credit - Rightful Owner

သတင်း အရင်းအမြစ်May Phyo Swe's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T