သားငယ်လေးကို ကိုယ်ဖိရင်ဖိပြုစုပေးခဲ့တဲ့အချိန်တွေကို တမ်းတကာ အချုပ်ထဲဘယ်လိုများနေမလဲဆိုပြီး စိုးရိမ်နေတဲ့ လျှံဖြိုးအောင်ရဲ့ဖခင်

//s9.kh1.co/da/da1ea146bd08f310bb60a6546428f49b9d5484d5.jpeg
နေ့စဉ်သတင်းများ

 ၂၅-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

သားငယ်လေးကို ကိုယ်ဖိရင်ဖိပြုစုပေးခဲ့တဲ့အချိန်တွေကို တမ်းတကာ အချုပ်ထဲဘယ်လိုများနေမလဲဆိုပြီး စိုးရိမ်နေတဲ့ လျှံဖြိုးအောင်ရဲ့ဖခင်

အင်ဂျင်နီယာကျောင်းသားလေး မောင်လျှံဖြိုးအောင်ရဲ့ ဆုံးရှုံးမှုတွေကို ပြည်သူတွေကလည်း ကိုယ်ချင်းစာနာပြီးတတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။မောင်လျှံဖြိုးအောင် ဆေးကုသဖို့အတွက် လိုအပ်တဲ့စရိတ်တွေကိုလည်း စေတနာရှင်တွေက လှူပေးနေကြတာဖြစ်ပါတယ်။လတ်တလောမှာတော့ မောင်လျှံဖြိုးအောင်က၅၀၅ (က)ပုဒ်မနဲ့ အချုပ်ထဲရောက်နေတာဖြစ်ပြီး ကျန်းမာရေးအခြေအနေမကောင်းသေးတာတောင် အခုလိုအခြေအနေမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်နေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မောင်လျှံဖြိုးအောင်ရဲ့မိသားစုဝင်တွေကလည်း သားငယ်လေး အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ကူညီပေးနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ မောင်လျှံဖြိုးအောင်ရဲ့ ဖခင်တွေက အမှတ်တရတွေကို ရင်ဖွင့်လာတာဖြစ်ပါတယ်။သားငယ်လေးဆေးရုံတက်နေစဉ်အချိန်တွင်းမှာဆိုရင် မိသားစုတွေက ကိုယ်ဖိရင်ဖိပြုစုပေးကြပြီး အစစအရာရာဂရုစိုက်ပေးကြတာဖြစ်ပါတယ်။သူ့ရဲ့မိခင်ဆိုရင် သားငယ်ရဲ့အဖြစ်ကို မကြည့်ရက်တော့ဘဲ သတိလစ်မေ့မြောတဲ့အထိဖြစ်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မောင်လျှံဖြိုးအောင်က မျက်စိမှုန်ဝါးနေတာကြောင့် သူ့ကိုထမင်းခွံကျွေးတာတောင် မိခင်လို့ထင်မှတ်နေတာဖြစ်ပါတယ်။ကိုယ်လက်အင်္ဂါတွေဆုံးရှုံးထားရပြီး မျက်လုံးလည်းမကောင်းသေးတာကြောင့် အခုချိန် အချုပ်ထဲမှာအရမ်းခက်ခဲနေမှာပဲဖြစ်ပါတယ်။ပြည်သူလူထုကလည်း မောင်လျှံဖြိုးအောင်အမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။သူ့ရဲ့ဖခင်ကတော့ သားငယ်လေးကို သတိရတဲ့စိတ်နဲ့ ရေးသားလာတဲ့စာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T