ဆယ်မွှာပူးကလေးမွေးတယ်လို့ လိမ်ညာခဲ့တဲ့အမျိုးသမီး စိတ်ရောဂါကုဆေးရုံရောက်နေ

//s9.kh1.co/ed/ed0d592bb8fad1c893194ba56378462a99e7c5b1.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပြီးခဲ့တဲ့ ရက်ပိုင်းက အွန်လိုင်းပေါ်မှာ တောင်အာဖရိကမှာနေထိုင်တဲ့ အမျိုးသမီးဟာ ဆယ်မွှာပူး ကလေးမွေးတယ်ဆိုတဲ့ သတင်းတွေဟာ တော်တော်လေးပျံ့နှံ့လာခဲ့ပါတယ်။

Gosiame Sithole လို့ခေါ်တဲ့ ၄င်းအမျိုးသမီးဟာ သူမကိုယ်ဝန်ဆောင်ထားရတဲ့ပုံကို အွန်လိုင်းပေါ်မျှဝေခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့က ဆေးရုံမှာ ဆယ်မွှာပူးကလေးကို မွေးဖွားခဲ့ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာပေမယ့် ကလေးတွေရဲ့ပုံတွေတော့ တစ်ပုံမှထွက်ပေါ်လာခြင်းမရှိပါဘူး။

https://s9.kh1.co/__image/w=650,h=478,q=100/79/7965f6c3fde6b7789ab5ed62ccb71e3f7d418823.webp

ဒါပေမယ့်လည်း Sithole ဟာ world record မှာပါ ကလေးအများဆုံးကိုယ်ဝန်ဆောင်နိုင်တဲ့ အမျိုးသမီးအ​ဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အလှူငွေတွေလည်း များစွာရရှိခဲ့ပါတယ်။

တကယ်တော့ သူမဟာ ဆယ်မွှာပူး ကိုယ်ဝန်ကိုလည်း မဆောင်ခဲ့သလို အွန်လိုင်းပေါ်ပျံ့လာတဲ့ သူမရဲ့ကိုယ်ဝန်ဆောင်ထားတဲ့ပုံကလည်း လိမ်ညာမှုတစ်ခုသာ ​ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=374,q=100/0d/0dbc8d0336c9ae1fb22fce5d1b88ae049c86dc95.webp

ဒါ့ကြောင့် Sithole ဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးစစ်ဆေးမှုကိုခံရပြီးနောက် ပြန်လွတ်လာပေမယ့် လက်ရှိမှာ စိတ်ရောဂါကုဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

Sithole ရဲ့ဆယ်မွှာပူးကလေးအကြောင်းကို စတင်ဖြန့်ချီခဲ့တဲ့ the Pretoria News ရဲ့ editor ဖြစ်သူ Piet Rampedi အနေနဲ့လည်း သတင်းမှားဖော်ပြမိခဲ့တဲ့အတွက် ပြန်လည်တောင်းပန်ထားတာကိုတွေ့ရပါတယ်။

လက်ရှိမှာတော့ Sithole တို့ဇနီးမောင်နှံကို မရှိတဲ့

ကလေးကိုအကြောင်းပြပြီး ငွေရှာသွားတဲ့ ဇနီးမောင်နှံလို့ ပြောဆိုနေကြပါတယ်.......

https://s9.kh1.co/__image/w=650,h=1177,q=100/34/3426b5d99c014704f9b530e4ee160d8a52dc7b4e.webp

သတင်း အရင်းအမြစ်The Sun

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T